4 ရက် - ဘာသာပြန်ပါ။

အသက် ၃၈ နှစ်အရွယ် Darren Carvill လို့အမည်ရတဲ့စာရင်းကိုင်တစ်ယောက်ဟာ နှစ်ပေါင်းများစွာကြာ သူ့ရဲ့အလုပ်မှာ အနိုင်ကျင့်ခံရတာ လှောင်ပြောင်ခံရတာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ် သူဟာ ဒီလိုဆက်ဆံခံရတာတွေကို သည်းခံခဲ့ပေမဲ့ နောက်ဆုံးတော့ ဒေါသနဲ့ စိတ်ဓာတ်ကျဆင်းမှုတွေဟာ အထွတ်အထိပ်ကို ရောက်ရှိခဲ့ပြီး မိုက်မဲတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ပါတယ်
သူဟာ သူ့အထက်အရာရှိရဲ့ ဘဏ်အကောင့်ထဲကနေ ပေါင် ၁၇၀,၀၀၀ ကို လျှို့ဝှက်စွာ လွှဲပြောင်းယူခဲ့ပါတယ် ဒီပိုက်ဆံတွေဟာ သူ့ဘဝကို ပြောင်းလဲနိုင်တဲ့ ငွေပမာဏဖြစ်ပေမဲ့ လက်စားချေလိုတဲ့ စိတ်နဲ့ ဒေါသကြောင့် သူဟာ အဲ့ဒီငွေတွေအားလုံးကို သုံးပစ်လိုက်ပါတယ် Darren Carvill ဟာ အဲဒီငွေတွေ အကုန်လုံးကို နှစ်ရက်အတွင်းမှာဘဲကုန်သွားအောင် သုံးစွဲခဲ့ပါတယ်။
ဇိမ်ခံဟိုတယ်တွေ၊စျေးကြီးတဲ့အရက်တွေ၊ပါတီပွဲတွေနဲ့ မိန်းမကိစ္စတွေမှာ အဲ့ဒီငွေအားလုံးကို အသုံးပြုခဲ့ပါတယ် အဲ့လိုအလွန်အကျွံ သုံးစွဲမှုတွေကို ပြုလုပ်ခဲ့ပြီး နောက်ဆုံးမှာတော့ သူ့ရဲ့အကောင့်ထဲမှာ ပိုက်ဆံ တစ်ပြားမှ မကျန်တော့ပါဘူး သူ့ရဲ့လုပ်ရပ်ကို မီဒီယာတွေမှာလည်း ဖော်ပြကြပြီး ဒီလိုမျိုး အချိန်တိုအတွင်း ငွေတွေ ကုန်အောင်သုံးသွားနိုင်တာကို လူတွေ အံ့အားသင့်ခဲ့ကြပါတယ်
သူ့ရဲ့ ပေါင် ၁၇၀,၀၀၀ ဟာ နှစ်ရက်အတွင်း ကုန်ဆုံးပြီးနောက် Darren Carvill ကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ် သူ့ရဲ့ လုပ်ရပ်ဟာ ဒေါသနဲ့ လက်စားချေလိုစိတ်ကြောင့် ဖြစ်ပေါ်ခဲ့တာဆိုပေမဲ့ နောက်ဆုံးမှာတော့ ပျက်စီးသွားတာက သူ့ရဲ့ဘဝဘဲ ဖြစ်ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image