လူတစ်ယောက်က လူတစ်ယောက်ကို
အဲ့ဒီလောက်အထိ ချိုမြိန်စေတာလား ၊
နွေးထွေးစေတာလား ၊ တစ်ခါငေးကြည့်မိလိုက်တိုင်းထပ်ခါထပ်ခါ ပြန်ပြီးငေးကြည့်ချင်မိစေတာလား ၊
အနားလေးကပ်လိုက်မိတိုင်း
အမြဲအနားမှာပဲ ရှိနေချင်မိစေတာလား ။
ဆုံတွေ့ရတဲ့အခိုက်အတန့်လေးဟာ
တစ်ခဏလေးပဲ ဆိုရင်တောင်မှ
တစ်ဘဝစာအတွက် သိမ်းထားချင်မိပါတယ်
အချစ်ကလေးရေ ။

- ခက်နှောင်