ခံတွင်းမြိန်တဲ့ ကြာဇံချက် (သို့) ကြာဇံဟင်းခါး
=======================�====
ဒီလိုရာသီးမှာ သောက်လို့အရမ်းကောင်းတဲ့ ရာသီစာ ကြာဇံချက် ချက်ပုံချက်နည်းလေးကို မျှဝေချင်ပါတယ်။ ရာသီဥတုအေးအေးလေးနဲ့ ပိတ်ရက်တွေမှာ လုပ်စားလိုက်ကြရအောင်နော်။
🍎🍎🍎🍎🍎🍎🍎
ကြာဇံချက်မှာ အဓိက ပါ၀င်တာတွေကတော့
ပဲကြာဇံ.ကြက်သား/ကြက်ရိုး.ကြက်သွန်နီ (အလုံးလိုက်ထည့်ဖို့ အသေး).ကြက်သွန်ဖြူ.ဂျင်း.ပဲပြား.မှိုခြောက် (ကြွက်နားရွက်မှို၊ အဖိုးကြီးနားရွက်).ပန်းခြောက်.ပဲလိပ်.ငရုတ်ကောင်း.ကြက်ဥပြုတ်.ငရုတ်သီး အရောင်တင်.ငံပြာရည်ကောင်းကောင်း.ဆနွင်း.ဆီ/ဆား တို့ ဖြစ်ပါတယ်။
မှိုခြောက်ကို မချက်ခင် ရေစိမ်ထားပြီး သဲစင်အောင် ဂရုစိုက်ဖို့ လိုပါတယ် မဟုတ်ရင် သဲတရှပ်ရှပ်နဲ့ အာရုံနောက်စေမယ့် အရသာ ထွက်လာပါလိမ့်မယ်။ တချို့က ငုံးဥတို့ ကြက်ဥတို့ကိုလည်း ထည့်စားပါတယ်။ စားတဲ့ အခါမှာ သံပုရာသီးလေး ညှစ်ပြီး ငရုတ်သီးလှော် မွှေးမွှေးလေးကို ဖြူး နံနံပင်လေး အုပ် ပါးပါးလှီးထားတဲ့ ကြက်သွန်နီလေး ထည့်လိုက်ရင်ဖြင့် အလွန်မြိန်စေမယ့် ကြာဇံချက်ရဲ့ အရဿာကို တွေ့ပါလိမ့်မယ်။ ငါးဖယ်ကြော် ထည့် စားချင်သူတွေ အတွက်လည်း ငါးဖယ်လေး ညှပ်ပြီး စားလို့ ရပါသေးတယ်။
.ချက်ပြုတ်ရာမှာ ခက်ခဲမှု မရှိပါဘူး။ ပဲကြာဇံ၊ မှိုခြောက်ပန်းခြောက်၊ ပဲလိပ်တွေကို ရေစိမ်ထားပါ။ အရင်ဆုံး ကြက်ရိုးကို ပြုတ်ပါ။ ကြက်ရိုးနည်းနည်း နူးရင် ဆယ်ပြီး အသားနွှင်ပါ။ ကြက်သွန်ဖြူ/နီ ၊ ဂျင်း၊ နနွင်းမှုန့်နဲ့ အရောင်တင်မှုန့်တို့ကို ဆီသတ်ပါ။ ပြီးရင် နွှင်ထားတဲ့ ကြက်သားတွေပါ ထည့်ပြီး မွှေပါ။ အပေါ့အငံအတွက်ပါ ဆားထည့်ထားပါ။ အသားပြုတ်ရည်ကို ဆူအောင် ပြန်တည်ပြီး ကြက်သားဆီသတ်၊ မှိုခြောက်၊ ပန်းခြောက်၊ ပဲလိပ်၊ ငုံးဥတို့ ရောထည့်ပြီး ခဏထားပါ။ အရသာ မြည်းပြီး လိုအပ်ရင် ငံပြာရည်နဲ့ ဟင်းခတ်မှုန့် . ကြက်ဥပြုတ်ခြမ်းပြီးထည့်ပါ။ ကဲ ဒါဆို ရပါပြီ။
တစ်ခု သတိထားရမှာက ကြာဇံချက်ဟာ ပူပူပဲ စားလို့ကောင်းပါတယ်။ ဒါကြောင့် စားခါနီးတိုင်း ပြန်နွှေးစားရပါတယ်။ အဲ့ဒီအခါ ကြာဇံတွေက အရမ်းေ��ပျာ့သွားတာမျိုး မဖြစ်စေချင်ရင်တော့ ကြာဇံတွေကို သပ်သပ်ထားပြီး စားခါနီး နွှေးမှာ ထည့်စားရင် ပိုကောင်းပါတယ်။
