ဟင်းနုနွယ်အမြစ် (နာမည်ပြောင် - ထိုင်းဂျင်ဆင်း)
ထိုင်းဂျင်ဆင်းဟု တင်စားခေါ်ဝေါ်ကြတဲ့ ဟင်းနုနွယ်မြစ်သည် ခွန်အားကို ကောင်းစွာဖြည့်တင်းပေးပြီး အားကောင်းစေသည်ဟု ဆိုကြသည်။ အားနည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းတို့ကို သက်သာစေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေကာ မျက်နှာကို လန်းဆန်းစိုပြေစေပါသည်။ ခါးနာခြင်း၊ ခါးကို၊က်ခြင်း၊ အပူကျဆေးအဖြစ်၊ အဖျားကျဆေးအဖြစ်နှင့် သလိပ်ရည်ကို ကူညီထုတ်ပေးခြင်း စသည်တို့အတွက် အသုံးပြုနိုင်သည်။
ချက်ပြုတ်နည်းများ.........
* ဟင်းချိုရည်အဖြစ် ချက်သောက်ခြင်း...။
အရိုးဟင်းချို သို့မဟုတ် အခြားဟင်းချိုများတွင်
ထည့်သွင်းချက်ပြုတ်နိုင်သည်။
* လက်ဖက်ရည်ကြမ်းအဖြစ် ပြုတ်သောက်ခြင်း...။
ဟင်းနုနွယ်မြစ် ၁ ခုကို ရေ ၁ လီတာဖြင့် ၁၅ မိနစ်ခန့်
ပြုတ်ပြီးနောက် ရရှိလာသော အရည်ကို
တစ်နေ့လျှင် ၂-၃ ခွက်သောက်သုံးနိုင်သည်။
(၎င်းသည် အားအင်တိုးစေပြီး အသက်ရှည်ဆေးအဖြစ် ခွန်အားဖြည့်တင်းပေးနိုင်သည်ဟု အဆိုရှိပါသည်။)
* အရက်ဖြင့် စိမ်သောက်ခြင်း...။
ဟင်းနုနွယ်မြစ်ကို အရက်ဖြူ ၁ ပုလင်းကြီးဖြင့်
၁၅ ရက်ကြာ စိမ်ထားပြီးနောက် ညအိပ်ရာမဝင်မှီ ၁ ခွက်
သောက်သုံးနိုင်သည်။
(ဤနည်းလမ်းသည် ဂျင်ဆင်းထက်ပင် ခွန်အားကို ပိုမိုဖြည့်တင်းပေးနိုင်ပြီး အသက်ရှည်ဆေးအဖြစ် အစွမ်းထက်သည်ဟု ဆိုကြသည်။)
(မှတ်ချက် - "ဒီနည်းကတော့ ဂျင်ဆင်းထက်တောင် ပိုထက်မြက်တယ်လို့ ဆိုနိုင်ပါတယ်။"

image