4 ရက် - ဘာသာပြန်ပါ။

Super Sunday ရဲ့ မန်ချက်စတာဒါဘီမှာ ယူနိုက်တက်ကို ဂိုးပြတ် ချေမှုန်းပြီး နာကျင်မှုတွေပေးခဲ့တဲ့ စီးတီး

မန်းစီးတီး ၃-၀ မန်ယူ
ဖိုဒန် ၁၈’
ဟာလန်း ၅၃’၊ ၆၈’

အာလင်း ဟာလန်း နှစ်ဂိုးသွင်းခဲ့လို့ မန်စီးတီးက မန်ယူကို ၃-၀ နဲ့ ဂိုးပြတ်နိုင်ခဲ့သလို နည်းပြ ရူဘန် အာမိုရင်မ်ကို ထိခိုက်စေမယ့် ရှုံးပွဲတပွဲဖြစ်စေခဲ့ပါတယ်။

ဖီးလ် ဖိုဒန်က ဦးဆောင်ဂိုးသွင်းပြီးနောက်၊ ဟာလန်းက ဒုတိယပိုင်းမှာ နှစ်ဂိုးဆက်တိုက်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ နော်ဝေသားဟာ အခွင့်အရေးကောင်းတခုကို မယုံနိုင်လောက်အောင် လွဲချော်ခဲ့ပါသေးတယ်။ စီးတီးကတော့ ပရီးမီးယားလိဂ် နှစ်ပွဲဆက် အရှုံးကနေ ပြန်လာနိုင်တာဖြစ်ပါတယ်။

(Photos: EPA)

imageimage
+7