🍌ငှက်ပျောခွံစိမ်ရေက အရွက်ထွက်အားကောင်းစေတယ်🍌
📍ငှက်ပျောခွံတွေကို ရေနဲ့အတူစိမ်ပြီးနှပ်ထားတဲ့အခါ ပိုတက်ဆီယမ်နဲ့ အခြားသတ္တုဓာတ်တွေ ပြည့်ဝနေတဲ့ အရည်တစ်မျိုးကို ရရှိစေပါတယ်။
🌱ပါဝင်ပစ္စည်းများ......
၁။ ငှက်ပျောခွံ
၂။ အားဖြည့်အချိုရည် (M150 သို့ ကျွဲစိမ်းလို အချိုရည်မျိုး)
၃။ သန့်ရှင်းသောရေ
၄။ အချိုမှုန့်
🎯ပြုလုပ်ပုံအဆင့်ဆင့်.......
၁။ ပထမဆုံးအနေနဲ့ ငှက်ပျောခွံတွေကို အတုံးသေးလေးတွေဖြစ်အောင်လှီးပြီး ရေထည့်ထားတဲ့ပုလင်းထဲကို ထည့်ပါ။
၂။ ထို့နောက် လှီးထားတဲ့ငှက်ပျောခွံတွေကို ပုလင်းထဲသို့ထည့်ပါ။
၃။ အားဖြည့်အချိုရည်ကို စားပွဲတင်ဇွန်း ၁ ဇွန်းခန့်နဲ့ အချိုမှုန့်ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်ထည့်ပြီး အဖုံးပိတ်ကာ သေချာစွာ ရောမွှေပါ။
၄။ အရိပ်ရတဲ့နေရာမှာ ၇ ရက်ကနေ ၁၄ ရက်အထိ နှပ်ထားပါ။ ငှက်ပျောခွံတွေက အရည်ပျော်ပြီးနောက် အရည်က နောက်ကျိလာတဲ့အခါမှာ အသုံးပြုနိုင်ပါပြီ။
အကျိုးကျေးဇူးများ........
👉ပိုတက်ဆီယမ် - အမြစ်၊ အရွက်နဲ့ အသီးတွေကို သန်မာစေပြီး ကျိုးပဲ့လွယ်ခြင်းမရှိအောင် ကာကွယ်ပေးပါတယ်။ အရသာပိုကောင်းစေပြီး အသားများစေသလို ရောဂါကိုလည်းခံနိုင်ရည်ရှိစေပါတယ်။
👉ဖော့စ်ဖရပ်စ် - အပွင့်နဲ့အသီးတွေကို ကြီးထွားစေပါတယ်။ အမြစ်ထွက်အားကိုလည်း ကောင်းစေပါတယ်။
👉ကယ်လ်ဆီယမ် - ပင်စည်ကို သန်မာစေပြီး ကျိုးပဲ့လွယ်ခြင်းမရှိအောင် ကူညီပေးပါတယ်။ ဟင်းသီးဟင်းရွက်တွေ၊ ငရုတ်သီး၊ ပင်စိမ်း၊ ရှောက်၊ သံပရာတို့လို အသီးများတဲ့အပင်တွေရဲ့ အသီးတွေမကြွေစေဖို့ အခိုင်ကို မာကျောစေပြီး အကိုင်းအခက်တွေ မကျိုးလွယ်အောင် ကာကွယ်ပေးပါတယ်။
