မြောက်ဒဂုံမှာ ဘေလီတံတားပေါ်ကနေ လက်ချင်းကြိုးချည်ပြီး ခုန်ချသွားတဲ့ စုံတွဲကို ရုပ်အလောင်းအဖြစ် ပြန်တွေ့

စက်တင်ဘာ ၁၄

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ဘေလီတံတားပေါ်ကနေ လက်ချင်းကြိုးချည်ပြီး ပုစွန်တောင်ချောင်းထဲ ခုန်ချသွားတဲ့ စုံတွဲရုပ်အလောင်းကို စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းမှာ တွေ့ရှိတယ်လို့ ဝန်းရံမှူး လူမှုကူညီရေးအဖွဲ့ကနေ သိရပါတယ်။

သေဆုံးခဲ့သူတွေဟာ စက်တင်ဘာလ ၁၂ ရက်မှာ တံတားပေါ်ကနေ ခုန်ချခဲ့တယ်လို့ မျက်မြင်တွေကနေတဆင့် သိခဲ့ရတယ်လို့လည်း ကူညီရေးအဖွဲ့က ပြောပါတယ်။

သေဆုံးခဲ့ကြသူတွေဟာ အသက် ၂၆ နှစ်အရွယ် အမျိုးသားနဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတွေတို့ဖြစ်ပြီး အလောင်းတွေကို ကပ်လျက် ပြန်တွေ့တာခဲ့ရတာလို့လည်းဆိုပါတယ်။

" ကျောပိုးအိတ်နဲ့ ဖုန်းတွေကို တံတားပေါ် ထားခဲ့ပြီး ခုန်ချသွားတာလို့ မျက်မြင်တွေက ပြောတယ်။ အလောင်းတွေကိုတော့ ခုန်ချခဲ့တဲ့ နေရာနားမှာပဲတွေ့တာ။ အလောင်းပေါ်လာလို့ လှေသမားတွေက လှေနဲ့ဆွဲထားလိုက်တာ"လို့ ဝန်ရံမှူး လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

သူတို့ ရုပ်အလောင်းတွေကို အလောင်းသယ်အိတ်ထဲတည့်ပြီး မြောက်ဥက္ကလာပမြို့နယ် ဆေးရုံကို ပရဟိတအဖွဲ့တွေက ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်ကလည်း မြောက်ဒဂုံနဲ့ သင်္ဃန်းကျွန်းအစပ်က ငမိုးရိပ်တံတားပေါ်ကနေ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ယောက် ငမိုးရိပ်ချောင်းထဲ ခုန်ချမှုဖြစ်ခဲ့ပါတယ်။

ခုန်ချခဲ့တဲ့အမျိုးသမီးဟာ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

အဲဒီမတိုင်ခင် ပြီးခဲ့တဲ့တစ်ပတ်လောက်တုန်းကလည်း လက်ရှိပျောက်ဆုံးနေဆဲ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူဟာ ငမိုးရိပ်တံတားပေါ်ကနေ ခုန်ချမှုဖြစ်ခဲ့ပြီး အမျိုးသားဖြစ်သူကိုလည်း ရှာဖွေလို့ မတွေ့သေးဘူးလို့ ဝန်းရံမှူး လူမှုကယ်ဆယ်ရေးကနေ သိရပါတယ်။

#centralnewsnaypyitaw

image
image
image
image