မည်သည့်နေရာတွင် မှားယွင်းကြောင်း သိရရန် ပယ်ဖျက်ခံပါတီ NDF က UEC ထံမှ စာရင်းတောင်းမည် ဟုဆို

စက်တင်ဘာ ၁၄

မည်သည့်နေရာတွင် မှားယွင်းကြောင်းသိရရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ထံမှ စာရင်း တောင်းမည်ဖြစ်ကြောင်း ပယ်ဖျက်ခံပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အင်အား စုပါတီ (NDF) မှ ဒုတိယဥက္ကဋ္ဌ ဦး ထက်အောင်ကျော်က NP News သို့ ပြောသည်။

NDF ပါတီသည် (၂၀၂၅) ခုနှစ် ဩဂုတ်လမှ စတင်ကာ ပါတီဝင်အင်အားစာရင်းကို စတင်ပေးပို့ခဲ့ရာတွင် ပြည့်မီခြင်းမရှိသည့်အပြင် နောက်ဆုံးရက်အထိ ထပ်မံစိစစ်တောင်းခံရာတွင်လည်း မပြည့်မီကြောင်းနှင့် ယင်းသို့ မပြည့် ကြောင်းကို ကော်မရှင်တွင် စိစစ်ထားသော အချက်အလက် စုံလင်စွာရှိကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်(UEC) ၏ အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောသည်။
NDF ၏ ဩဂုတ်(၁၅)ရက်တွင် တင်ထားသည့် ပါတီဝင်အင်အားစာရင်းကို စိစစ်ခဲ့ရာ (၇၀ဝဝ)ကျော်သာ စာရင်းကိုက်ကာ ကျန်စာရင်းများသည် အချက်အလက်မပြည့်စုံခြင်း၊ ထပ်နေခြင်း စသည်တို့ ဖြစ်နေကြောင်း သိရသည်။

‘အချက်အလက်မပြည့်စုံတာတွေ၊ သေဆုံးနေတာတွေ၊ ထပ်နေတာတွေ။ မကိုက်ညီတာတွေ။ ကျွန်တော်တို့မှာ စာရင်းဇယားရှိပါတယ်။ ဘာကြောင့် လဲဆိုတော့ ဒါကိုမခိုင်မာဘဲ ကျွန်တော်တို့ ဘယ်လိုလုပ်လို့ ရမှာလဲ။ ဒါတွေကို ကျွန်တော်တို့ရဲ့ Soft Copy တွေ ကအစ၊ E-Government ဌာနပေါ့လေ။ မဲစာရင်း ဌာနပေါ့။ ဒီဌာနကလည်း ဒီလိုစစ် တာပါ။ အင်အား တွေစစ်တယ်ဆို သဘောသဘာဝသိပ်မကွာတဲ့အ တွက် လွယ်ပါတယ်။ ကျွန်တော်တို့မှာ အဲဒီဆော့ဖ်ဝဲ တွေရှိတဲ့အတွက် မြန်မြန်ဆန်ဆန်စိစစ်ပေး နိုင်တာ ဖြစ်ပါတယ်။ ရက်တွေကတော့ တော်တော်ကပ် ပါတယ်’ ဟု UEC အဖွဲ့ဝင်ဦးခင်မောင်ဦးက ပြော ကြားသည်။

ထို့နောက် ပါတီဝင်အင်အားစာရင်းကို စက်တင်ဘာလ (၂)ရက်တွင် (၃၀ဝဝဝ)ကျော်၊ စက်တင်ဘာလ (၅)ရက်တွင် (၂၀ဝဝဝ)ကျော်၊ နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် စက်တင်ဘာ(၇) ရက်တွင် (၁၂၀ဝဝ)ကျော်ပေးပို့ လာပြီး ယင်းစာရင်း များကို စက်တင်ဘာလ(၈)ရက်တွင်အပြီး စိစစ်ခဲ့သော်လည်း သတ်မှတ်အင်အားမပြည့်ခြင်းဖြစ် ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၏ ပြော ကြားချက်အရ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၂၆)ရက်က UEC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံရာတွင် NDF မှ တာဝန်ရှိသူ(၂)ဦးကို ဖိတ်ခေါ်ခဲ့ရာ တစ်ဦးကို အစည်းအဝေးတက်စေခဲ့ပြီး ကျန်တစ်ဦးကို မဲစာရင်း ထပ်နေသော ကိစ္စများရှင်းလင်းသည့် နေရာသို့ တက်စေခဲ့ ကြောင်း ၎င်းကဆိုသည်။
ထို့ပြင့်နဃ အနေဖြင့် ပါတီဝင် အင်အား ပေးပို့ရန် တိုက်တွန်းနှိုးဆော်ခဲ့သည့်အပြင် ဆက်သွယ်ထားသည့် ဖုန်းမှတ်တမ်းလည်းရှိကြောင်း၊ အသေးစိတ်ရှင်းပြပေးရန် အသင့်ရှိကြောင်းလည်း ဦးခင်မောင်ဦးက ဆိုသည်။

‘ကျွန်တော်တို့က ကြေညာချက်အပေါ်မှာ UEC က ကြေညာချက်အပြီး နောက်ရက်မှာပဲ ကျွန်တော်တို့က အတွင်းရေး မှူးအဖွဲ့ဝင်ပေါ့။ ကိုမျိုးဆက်သွေးရယ် ကိုကျော်သီဟရယ် (၂)ယောက် သွားပါတယ်။ သွားပြီးတော့ ဘယ်နေရာတွေ ဘယ်လိုမှားသလဲပေါ့။ မှားတဲ့ဟာတွေက ဘယ်လိုမှားပြီး ဘယ်သူတွေမှန်သလဲပေါ့။ မှားတာတွေက ဘယ်လိုတွေမှား သွားလဲပေါ့။ မွေးသက္ကရာဇ် မပါတာတွေ ရှိတယ်ပေါ့။ သူတို့ကတော့ အကြမ်းဖျင်းပြောတာပေါ့။ အဲဒါတွေအကုန်လုံး လိုချင်ရင် ဒီအတိုင်းတော့ပေးလို့မရဘူး။ စာတင်ပြီး တောင်းရမယ်ပေါ့။ အဲဒါနဲ့ စာတင်ပြီး တောင်းမယ်’ ဟု NDF မှ ဒုတိယ ဥက္ကဋ္ဌ ဦးထက်အောင်ကျော်က ပါတီပယ်ဖျက်ခံရခြင်းနှင့်ပတ်သက်ပြီး ပြောသည်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image