6 ရက် - ဘာသာပြန်ပါ။

အလုပ်သင်ပါမချန် I Phone 17 pro max ဝယ်ပေးလိုက်တဲ့ တရုတ်သူဋ္ဌေး အကောင်းဆုံးအလုပ်ရှင်အဖြစ် နာမည်ကြီးနေ

စက်တင်ဘာ ၁၃

iPhone 17 စီးရီးဟာ ထွက်တာ ရက်ပိုင်းမျှသာ ရှိသေးပေမယ့် တရုတ် vlogging ကုမ္ပဏီ Mediastorm ကတော့ သူ့ဝန်ထမ်းတွေကို အလုပ်သင်ပါမချန် အားလုံးအတွက် iPhone 17 pro max ဝယ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ဒီအကြောင်းဆိုရှယ်မီဒီယာ လူမှုကွန်ရက် Xiaohongshu မှာ သုံးစွဲသူ Fyjdreaming အကောင့်က ဗုဒ္ဓဟူး နေ့ (စက်တင်ဘာ ၁ဝ ရက်) မှာ ပိုစ့်တင်ခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့သူဋ္ဌေးက "Apple serie အသစ်ထွက်ပြီ၊ ခါတိုင်းလိုပဲ ဝန်ထမ်းတိုင်း အလုပ်သင်ပါမချန် iPhone 17 pro max ကို ကြိုက်နှစ်သက်ရာ အရောင်ရွေးယူနိုင် တယ်" လို့ဆိုတဲ့ မက်ဆေ့ချ် တွေ့ရှိရပြီးနောက် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Apple ကွန်ဖရင့် ကိုတက်ရောက်ခဲ့ပြီး Steve Jobs Theatre မှာ iPhone promax serie တွေကို ကြည့်ရှု ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။

အသစ်ထွက်တဲ့ iPhone 17 Pro Max ဟာ ဒေါ်လာ ၁,၈၉၉ ဝန်းကျင်တန်ဖိုးရှိပါတယ်။ ဝန်ထမ်းတွေ အနေနဲ့ ဖုန်းအသစ်ကို ကုမ္ပဏီမှာ အလုပ်လုပ်နေသရွေ့ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

ထုတ်ကုန်တွေနဲ့ပတ်သက်ပြီး vlogging လုပ်တဲ့ တရုတ်မီဒီယာကုမ္ပဏီ Mediastorm ဟာ ဆိုရှယ်မီဒီယာ Bilibili တစ်ခုတည်းမှာတင် Follower ၁၂ သန်းကျော်ရှိတယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image