သက်ကယ်မိုးအိမ်ကလေးမို့ ညက မိုးလေး တဖွဲဖွဲရွာတော့
မိုးပေါက်သံကလေးတွေက တဖျောက်ဖျောက်နဲ့ ကျွန်တော့
နှလုံးသားထဲမှာတော့ မိုးစက်မိုးပေါက်နဲ့ သက်ကယ်တို့ ထိတွေ့
ပွတ်တိုက်မူ့မှ ထွက်ပေါ်လာတဲ့ အသံကလေးတွေကအစ နားဝင်
ချိုမြနေသလို။ နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်စက်သွားခဲ့ပြီး နံနက်မိုး
စင်စင်လင်းမှ သစ်လုံးကလေးတွေကာရံထားတဲ့ ပြတင်းတံခါးမှ
အလင်းတန်းကလေးသည် ဖြူလွှလွှ လိုက်ကာမှတစ်ဆင့် အဖြူ
ရောင် ပိတ်ခြင်ထောင်သို့ ပြေးဝင်လာမှ အိပ်ယာထခဲ့လေရဲ့။
ကောင်းကင်ကြီးက လှပဆန်းသစ်ခြင်းအသွင်အပြင်ဖြင့်တောင်တန်းကြီးတွေပေါ်က မိုးသားတိမ်ဆိုင်တို့သည် အိက်စက်
ညက်ညောတဲ့ ဂွမ်းသားလေးတွေလို တဲအိမ်ကလေးမှ နီးနီးကပ်
ကပ်။ ကျွန်တော့အတွက်တော့ ပုံမှန်မိုးရာသီနေ့ရက်များထဲက
နံနက်ခင်းတစ်ခုရဲ့ ဗီတာမင် နေ့စွဲကလေး။
The Burmese Natural Life


