ကလေးတို့အကြိုက်စနိုးပူတင်းပြုလုပ်နည်း(နို့မုန့်ပူတင်း)
ပါဝင်ပစ္စည်းများ
နွားနို့ ၅၀၀ မီလီလီတာ(သို့မဟုတ်)နို့မှုန့်၅ထုပ်
သကြား 50g
ပြောင်းဖူးကော်မှုန့် ၅၀g
အုန်းသီးဖတ်/နို့မှုန့်
ဆား အနည်းငယ်
ပြုလုပ်ပုံ
နွားနို့ထဲကိုဆား သကြားထည့်၍အရင်ကျိုပေးပါ (နို့မှုန့်ကိုအသုံးပြုပါကနို့မှုန့်နဲ့ရေကိုသမအောင်အရင်မွှေပြီးမှမီးဖိုပေါ်တင်ပြီးကျိုပေးပါ) သကြားအရည်ပျော်လာပြီဆို ပြောင်းကော်မှုန့်ရေအေးလေးနဲ့ဖျော်ပြီး လောင်းထည့်ပေးပါ ပြောင်းကော်မှုန့်ထည့်ပြီးမှပါ အဆက်မပြတ်ဆက်တိုက်မွှေပေးပါ
နွားနို့များဆူပွက်လာပြီး
တဖြည်းဖြည်းပစ်လာပါက ဗန်းတစ်ခုထဲထည့်ပြီးအအေးခံထားပေးပါ
အအေးခံထားတာတစ်နာရီလောက်ဆိုပူတင်းအိတုံတုံလေးတွေရလာပါပြီ အတုံးလေးတွေလှီးပြီး အပေါ်ကအုန်းသီးမှုန့်/နို့မှုန့်လေးတွေ ကပ်ပြီးစားသုံးလို့ရပါပြီ
#နွားနို့ပူတင်း
#စနိုးပူတင်း
