6 d - Translate

ဒီရက်ပိုင်း နာမည်ကြီးနေတဲ့ တစ်နေ့ကို ၄ နာရီ အချိန်ပိုင်း အလုပ်အတွက် လုပ်အားခအဖြစ် ၁ နာရီကို ၂၅၀၀ နှုန်းဖြင့် ၁ ရက်အတွက် ကျပ် ၁၀၀၀၀ ပေးမှာဖြစ်တယ်လို့ အင်တာဗျူး သွားရောက်ဖြေဆိုခဲ့သူတွေထံက သိရပါတယ်။
အလုပ်ပုံစံကတော့ ၆ ရက်ဆင်း ၁ ရက်နား ပုံစံဖြစ်ကာ လုပ်ခကိုတော့ နေ့စားပုံစံ မဟုတ်ဘဲ တစ်လပြည့်ရင် ၁ ကြိမ် ရှင်းပေးမှာပါ။ အလုပ်လျှောက်သူတွေကတော့ အသက် ၁၈ နှစ်ပြည့်ပြီး အရွယ်မှသည် အငြိမ်းစားယူထားသူတွေအထိပါ လျှောက်လို့ရမှာ ဖြစ်ပါတယ်။
လက်ရှိ ကိုယ်နေထိုင်တဲ့ မြို့နယ်နဲ့ ဘယ်မှာ အလုပ်ဆင်းနိုင်မလဲ ဆိုတာ အပြင် ကိုယ်အလုပ်လုပ်နိုင်မယ့် အဆိုင်းတွေကို ဖြည့်ပေးရပြီး အလုပ်အတွက် ယူနီဖောင်းပေးမှာဖြစ်ပေမယ့် ဖယ်ရီ စီစဉ်ပေးမှာတော့ မဟုတ်ပါဘူး။
City Mart ဘက်ကတော့ အိမ်ရှင်မတွေ၊ အငြိမ်းစားယူထားသူတွေ၊ ကျောင်းတက်ရင်း ကျောင်းစရိတ်အတွက် တစ်ဘက်တစ်လမ်းက ဝင်ငွေရှာလိုသူတွေ အစရှိတဲ့ မိသားစုအတွက် အထောက်အပံ့ဖြစ်ဖို့ အပိုဝင်ငွေ ရှာလိုသူတွေ အားလုံး အလုပ်လျှောက်လို့ရကြောင်း ကြေညာထားပါတယ်။

image