📚BOOK REVIEW📚
မကောင်းဆိုးဝါးတစ်ကောင်လို
စက်ဆုပ်ရွံ့ရှာဖွယ်
သတ်မှတ်ခံရတဲ့ စာအုပ် ....
၁၆ ရာစုမှာ ရေးသားခဲ့တဲ့
နာမည်ကျော် နိုင်ငံရေးဂန္ထဝင်ကျမ်း ...
နိုင်ငံရေးအတွေးအခေါ်လောကမှာ
အဆိုးဝါးဆုံး ကျမ်းတစ်စောင်အဖြစ်
သတ်မှတ်ခံထားရတဲ့
မာခီယာဗဲ့လီရဲ့ 'The Prince' ....
ဒီစာအုပ်ဟာ နိုင်ငံရေးအတွေးအခေါ် အစွန်းအရှရှိတဲ့ စာအုပ်ပါ။ ဒီမိုကရေစီနဲ့ ယဉ်ကျေးတဲ့လူ့ကမ္ဘာမှာ လက်ခံနိုင်စရာမရှိတဲ့ နိုင်ငံရေးအတွေးအခေါ်တွေကို သွန်သင်ဟောကြားထားတဲ့ စာအုပ် ....
သို့သော် ဒီစာအုပ်ရဲ့ အတွေးအခေါ်တွေကို တော်လှန်ရင်းနဲ့ပဲ သမ္မတနိုင်ငံစနစ် အခြေခံသဘောတရားတွေ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ အဆိုးဘက်က နာမည်ကျော်ကြားသလို နှောင်းခေတ်နိုင်ငံရေးအတွေးအခေါ်တွေမှာ လွှမ်းမိုးမှုဩဇာကြီးမားပြီး သူ့ကို ဆန့်ကျင်အန်တုတဲ့ ဒီမိုကရက်တစ် အတွေးအခေါ်တွေကို ပေါက်ဖွားစေခဲ့ပါတယ်.....
ဒါသည်ပင်လျှင် ဒီစာအုပ်ရဲ့
ကပြောင်းကပြန် တန်ဖိုးလို့ ဆိုရမှာပါ...
“မည်သည့်ဦးသျှောင်မဆို သိထားရမှာက ရန်သူကို အနီးဆုံးမှာထားပြီး အပေါင်းအသင်းမိတ်ဆွေကို ခပ်လှမ်းလှမ်းမှာ ရှိနေပါစေ။ အခက်အခဲဟူသမျှကို အင်အားသုံး၍ဖြစ်ဖြစ် မာယာလှည့်စားမှုများနဲ့ပဲဖြစ်ဖြစ် ရအောင်ကျော်လွှားပါ။ လူတိုင်းရဲ့ချစ်ခြင်းနဲ့ ကြောက်ခြင်းကို မျှအောင်ယူထားတတ်ပါစေ။ နောက်လိုက်တိုင်းရဲ့ လေးစားမှုနဲ့ ကျေနပ်မှုကို ရယူထားပါ။ အလားအလာရှိသမျှ ရန်သူတိုင်းကို ချေမှုန်းသုတ်သင်ပစ်ပါ။ စနစ်ဟောင်းကို ချိုးဖောက်ပြင်ဆင်ပြီး ရက်စက်တတ်သလို ရက်ရောနိုင်သူဖြစ်ကြောင်းကိုလည်း ပြထားပါ။ နှလုံးလှသူဖြစ်ပြီး အညှိုးအတေးကြီးသူဖြစ်ကြောင်းလည်း သိအောင်လုပ်ပါ။ မဟာမိတ်များကို မဖြစ်မနေမိတ်ဖွဲ့ပြီး မဟာမိတ်အသီးသီးကြားမှာ မတူညီတဲ့ တုံ့ပြန်မှုတွေနဲ့ ဆက်ဆံပါ” -မာခီယာဗဲ့လီ
◾️ ကျမ်းငယ်လေးတစ်ခုဖြစ်ပေမယ့် အခန်းများပြီး တင်ပြထားတဲ့အချက်တွေကလည်း ဖတ်လိုက်တိုင်း ကြက်သီးထစရာကောင်းလောက်အောင် ရက်စက်မှုကို အားပေးထားတဲ့အတွက် သူ့ခေတ်သူ့အခါ အပါအဝင်၊ ဒီနေ့ခေတ် ဒီအချိန်အထိ လက်သင့်ခံဖို့အတွက် ခက်ခဲစေပါတယ်။ ဒါကလည်း လေ့လာသူအပေါ် မူတည်ပါသေးတယ်။ မတူညီတဲ့ ရှုထောင့်ကကြည့်တတ်ဖို့ ရည်ညွှန်းထားတဲ့ စာအုပ်ဖြစ်တာကြောင့်လည်း နှောင်းပိုင်းပညာရှင်တွေက ဦးသျှောင်လုပ်ထုံးကျမ်းကို အခြေခံပြီး သမ္မတနိုင်ငံစနစ်အတွက် အခြေခံသဘောတရားတွေကို တည်ဆောက်ဖော်ထုတ်ခဲ့ကြပါတယ်။ခေါင်းဆောင်တစ်ယောက်ကလူထုကို ဘယ်လိုလွှမ်းမိုးရမလဲ ဘယ်လိုရက်ရောပြီး ဘယ်လိုရက်စက်ရမလဲ စတာတွေအပြင် Dark trideမှာပါဝင်တဲ့ မက္ခီယာဗယ်လီနဆင်ဆိုတာဘာလဲ လေ့လာသိရှိရမှာဖြစ်တဲ့အပြင် စိတ်ပညာလောကရဲ့ အငြင်းပွားဖွယ် ကျမ်းတစ်စောင်လဲဖြစ်ပါတယ်။
Dark psychologyနဲ့ပတ်သက်ပြီးလေ့လာလိုပါက channelသို့လာရောက်လေ့လာနိုင်ပါတယ်.
