⚛ Vitamins ချို့တဲ့ရင် ဘာတွေဖြစ်နိုင်လဲ ? ⚛
ဗိုက်တာမင်ဆိုတာ Vitamin ဆိုတဲ့ အင်္ဂလိပ်စကားကို တိုက်ရိုက် မွေးစားထားတာ ဖြစ်ပါတယ်။မူရင်းအင်္ဂလိပ် ဘာသာအတိုင်း ခွဲခြားကြည့်ရင် Vita (ဗိုက်တာ) နဲ့ Amine (အေမင်း) လို့ နှစ်ပိုင်းတွေ့ရပါတယ်။
Vita ဆိုတာ လက်တင်ဘာသာစကားနဲ့ အသက်လို့ အဓိပ္ပာယ်ရပြီး Amine ကေတာ့ အေမင်းအုပ်စု အမျိုးအစား ဓာတုဒြပ်ပေါင်းများကို ဆိုလိုပါတယ်။ပညာရှင်များက အစားအစာတွေမှာ ကနဦး စတင်တွေ့ရှိခဲ့တဲ့ Thiamine (သိုင်ယာမင်း) ခေါ် ဗိုက်တာမင် B1 ကို အစွဲပြုပြီး ပေးခဲ့တဲ့ နာမည် ဖြစ်ပြီးအသက်စောင့်ဓာတ် အေမင်းအမျိုးအစား ဒြပ်ပေါင်းများ လို့ ဆိုလိုပါတယ်။နောက်ပိုင်းမှာ Vitamins တွေဟာ အေမင်း အမျိုးအစားတွေသာ မကေတာ့ဘဲ ....အခြား ဓာတုဒြပ်ပေါင်း အမျိုးအစားစုံ တွေ့ရှိလာရပေမယ့်လည်း Vitamins လို့ပဲ ခေါ်တွင်နေကြခြင်း ဖြစ်ပါတယ်။Vitamins အားဆေးများ၏ ကောင်းကျိုးများဗိုက်တာမင်များဟာ သက်ရှိများရဲ့ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေရန်၊ ပုံမှန် ဇီ၀ရုပ် ဖြစ်ပျက်မှုများ စည်းချက် မှန်နေစေရန်၊ ရောဂါများမှ ကာကွယ်ရန် မရှိမဖြစ်လိုအပ်လှပါတယ်။ဒါတွေကို အသားငါး၊ အသီးအနှံ စတဲ့ အစားအသောက် မျိုးစုံ မျှတအောင် ပုံမှန် စားသုံးပေးခြင်းဖြင့် ရရှိနိုင်ပါတယ်။လူသတ္တဝါတွေရဲ့ ခန္ဓာကိုယ် ထဲမှာ ဗိုက်တာမင်တွေ ထုတ်လုပ်နိုင်ခြင်း မရှိလို့ အစာအာဟာရမ်ားကိုပဲ မှီခိုကြရပါတယ်။အကြောင်းတစ်ခုခုကြောင့် အာဟာရထဲကေန ဗိုက်တာမင်နဲ့ သတ္တုဓာတ်တွေ ရရှိမှုဟာ လိုအပ်တာထက် လျော့နည်းမယ်ဆိုရင် ....ဗိုက်တာမင်ချို့တဲ့ခြင်း ရောဂါလက္ခဏာများ ခံစားရမှာ ဖြစ်ပါတယ်။ ဗိုက်တာမင် တစ်ခုချင်းစီအလိုက် ချို့တဲ့ခြင်း ရောဂါလက္ခဏာတွေ သီးသန့် ရှိပါတယ်။ဗိုက်တာမင် ချို့တဲ့မှုတွေ များလာရင် ကိုယ်ခံအား မကောင်းတော့ဘဲ သူများထက် ဖျားလွယ် နာလွယ် ဖြစ်တတ်ပါတယ်။ဒါကြောင့် အသား၊ငါး၊ အသီးအနှံများကို မွ်တစြာ မစားသူတွေနဲ့ အလုပ်များလွန်းလို့ စားဖို့ အဆင်မပြေတဲ့ သူတွေဟာ ...အားဆေးများ မကြာခဏ သောက်ပေးသင့်ပါတယ်လို့ အာဟာရ ပညာရှင်များက ထောက်ခံ အဆိုပြုကြပါတယ်။အောက်မှာ ဗိုက်တာမင်တွေနဲ့ ၄င်းတို့ချို့တဲ့ရင် ဖြစ်လာနိုင်တဲ့ ရောဂါတွေ၊၄င်းဗိုက်တာမင် အကြွယ်၀ဆုံးတဲ့ အစားအစာတွေကို အတိုချုပ် ယှဉ်တွဲ ဖော်ပြပေးလိုက်ပါတယ်။Vitamin A (Retinol):
အမြင်အာရုံ ထိခိုက်ခြင်း၊ အေရျပား ခြောက်သွေ့ခြင်း၊ ကြာဆူးထွက်ခြင်း၊ ၀က်ခြံများခြင်း၊ ကြက်မျက်သင့်ခြင်း။အစားအစာမ်ားမွာ-အသီးအရွက်များ၊ ဥများ၊ နို့၊ ထောပတ် နှင့် အသည်း။Vitamin B1 (Thiamine):ခြေလက်များ ထုံကျင်ခြင်း၊ ထိမှန်းမသိသလို ဖြစ်ခြင်း၊ ပင်ပန်းနွမ်းနယ်လွယ်ခြင်း၊ ကြွက်သားများ ပိန်လှီကာ ဘယ်ရီဘယ်ရီရောဂါ (Beri Beri) ဖြစ်ပြီးအသက်ဆုံးရှုံးနိုင်ခြင်း (ကလေးငယ်များတွင် အဖြစ်အများဆုံး အကြောင်းရင်းက နို့တိုက်မိခင် အစားရှောင်၍ လည်းကောင်း၊အာဟာရ ချို့တဲ့၍ လည်းဖြစ်ပြီး အရွယ်ရောက်ပြီးသူများတွင် အရက် အလွန်အကျွံ သောက်ခြင်းကြောင့် လည်းကောင်း ဖြစ်ကြသည်)၊ကစီဓာတ်ပါသော ဂျုံ၊ ဆန် စသည့် နှံစားသီးနှံများ-(Vitamin B1 သည် ဆန်များ၏ အပေါ်ယံ မျက်နှာပြင်၌ အများဆုံးပါရာဆန်ကိုကြိမ်ဖန်များစွာ ပွတ်တိုက်ဆေးခြင်း၊ ထမင်းရည်ကို ငှဲ့ချက်ခြင်းတို့ကြောင့် ထမင်း ဖြစ်သောအခါ ၄င်းVitamins လျော့နည်းစေကြောင်း တွေ့ရှိရသည်။ရှေးခေတ်က ထမင်းရည် သောက်သုံးသော အလေ့အထသည် Vitamin B1 ချို့တဲ့မှုကို ကာကွယ်နိုင်ကြောင်း တွေ့ရသည်)အခြံမာသီး အဆန္မ်ား၊ အသားမ်ား၊ အသည်း၊ ပဲပင်ပေါက် စသည့်များလည်းစားပေးသင့်သည်။Vitamin B2 (Riboflavin):နှုတ်ခမ်းကွဲခြင်း၊ ပါးစပ်တွင်း အနာမ်ား ခဏခဏ ဖြစ်ခြင်း၊ ကျီးပါးစပ်နာ ဖြစ်ခြင်း၊ခန္ဓာကိုယ်အတွက် အရေးပါသော ဟော်မုန်းအချို့ ထုတ်လုပ်နိုင်မှု ကျဆင်းခြင်း၊ အမြင်အာရုံ မှုန်ဝါးခြင်း။အစားအစာများ-အသည်း၊ အသီးအရွက်များ၊ နို့၊ ဒိန်ခဲ၊ ဥမ်ား၊ပေါင်မုန့်။Vitamin B3 (Niacin):၀မ်းလျှောခြင်း၊ အားပျော့နုံးခွေခြင်း၊ ပါးစပ်ထဲတွင် အနာပေါက်ခြင်း၊ လျှာတွင် ပူလောင်သော ဝေဒနာ ခံစားရခြင်း၊အကြောင်းရင်းမဲ့ ကိုယ်အလေးချိန် ကျလာခြင်း၊ အေရျပား ကြမ်းတမ်းခြင်း၊ စသည်တိုဖြစ်ပွားနေရင် V-B3 အားနည်းနေပါပြီ။အသီးအရွက်များ၊ အသားများ၊ ငါးများ၊ နှံစားသီးနှံများများစားပေးသင့်ပါတယ်။Vitamin B6 :အော်ဂလီဆန်လွယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အာရုံစူးစိုက်မှု မပြုနိုင်ခြင်း၊ မူးဝေငိုက်မျဉ်းခြင်း၊ အာရုံကြောအားနည်းခြင်း။အစားအစာများ-အသီးအရွက်၊ အသည်း၊ ပေါင်မုန့်၊ ငှက်ပျောသီး၊ အသားများ၊ ငါးများ။Vitamin B12 :
တစ်ကိုယ်လုံး အကြောအားနည်း အကြောသေခြင်း၊ ခြေလက်များ ထုံကျင်ခြင်း၊ မောဟိုက်ခြင်း၊ သွေးအားနည်းခြင်း။အသားများ၊ ငါးများ နှင့် နို့စသည်တို စားပေးသင့်ပါတယ်။Vitamin C (Ascorbic Acid) :သွေးထွက် သွေးခြည်ဥ လွယ်ခြင်း၊ သွားဖုံးသွေးယိုခြင်း (သူ့အလိုလို ယိုခြင်း၊ မပြောပလောက်သော ထိခိုက်မှုလေးနှင့်ပင် ယိုခြင်း)၊မကြာခဏ ဖျားနာတုပ်ကွေးမိခြင်း၊ အရေပြား အနာပေါက်လွယ်ခြင်း၊ အနာကျက် နှေးခြင်း။လိမ္မော်သီး၊ သံပုရာသီးကဲ့သို့ ချဉ်သော အနွယ်၀င် အသီးများ၊ သင်္ဘောသီးနှင့် သစ်သီးများစားပေးရမည်။Vitamin D :ငယ်ရွယ်စဉ် ချို့တဲ့လျှင် ပုံမှန်ထက် အရပ်ပုတတ်ခြင်း၊ ခြေလက် ခွင်ခြင်း၊ ခါးရိုးပုံပျက်ခြင်း၊ နံရိုးတွင် အဖုလုံးလေးများ ဖြစ်ပေါ်ခြင်း၊သြားမ်ား မကောင်းခြင်း၊ အသက်အရွယ် ရလာချိန်၌ နှလုံးသွေးကြောပိတ်ရောဂါ ဖြစ်ရန် အခွင့်အလမ်းများခြင်း။နံနက်ခင်းနှင့် ညနေခင်း နေရောင်ခြည် ခံယူခြင်း၊ နို့၊ ငါးကြီးဆီ၊ ဥအနှစ် စားသုံးသင့်သည်။Vitamin E (Tocopherol) :ခြေလက်များ အာရုံကြောအားနည်းရောဂါ၊ သွေးအားနည်း ရောဂါကို အားပေးခြင်း၊ လိင်မှုစွမ်းရည် ကျဆင်းတတ်ခြင်း၊အသားအေရ စိုပြေမှု အားနည်းခြင်း၊ ရှိရင်းစွဲ အသက်ထက် အရွယ်ကျခြင်း။နေကြာစေ့၊ အခွံမာသီး အဆန်များ၊ အစိမ်းရင့်ရောင်အသီးအရွက်များ၊ ပေါင်မုန့်၊ ကွေကာအုပ်စားပေးသင့်သည်။Vitamin B9 (Folic Acid) :
B1 နှင့် B3 ချို့တဲ့သော လက္ခဏာများနှင့် တူညီခြင်း၊ သွေးအားနည်းခြင်း။ (ကိုယ်၀န်ဆောင်များသည် ပုံမှန်လူများထက် နေ့စဉ် ပိုလိုအပ်သည်)အသီးအရွက်များ၊ အခွံမာသီး အဆန်များ၊ ဂျုံ၊ အသည်းများများစားပါ။Vitamin K :
သွေးတိတ်ရန် ကြာခြင်း။V-K သည်အသီးအရွက်များတွင် ပေါများစွာ ပါ၀င်သည်။

image