ဟိုင်းကြီးကျွန်းမြို့မှာ အသက် ၂၈အရွယ်အမျိုးသားက ၇ တန်းကျောင်းသူကို အဓမ္မပြုကျင့်မှုဖြစ်

စက်တင်ဘာ ၁၃

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ဇီးချိုင့် ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာမှာ ၇ တန်းကျောင်းသူကို အဓမ္မပြုကျင့်တဲ့အမျိုးသားမှာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဓမ္မပြုကျင့်သူဟာ ကြာကန်ကျေးရွာကအသက် ၂၈ နှစ် အရွယ်မိုးဒီ(ခ)အောင်ထက်ပိုင်(ခ)မင်းသိန်းကျော်ဖြစ်ပြီး စက်တင်ဘာ ၉ ရက်က အသက် ၁၁ ကျော်အရွယ် ၇ တန်းကျောင်းသူကို အဓမ္မပြုကျင့်ခံခဲ့တာလို့ သိရပါတယ်။

"အဓမ္မကျင့်တဲ့ကောင်က မိဘတွေမရှိချိန် ကလေးကို ဇီးချိုင့်ကျေးရွာဘက်က ပင်လယ်ကမ်းခြေကိုသွားမယ်။ ဦးလိုက်ပို့ပေးမယ်လို့လိမ်ခေါ်ပြီး အဓမ္မပြုကျင့်တာ။" ဖြစ်စဉ်ကိုသိရှိတဲ့သူ တယောက်က ပြောပါတယ်။

ကျူးလွန်ခံရတဲ့မိသားစုက ငပုတောမြို့နယ်၊ဟိုင်းကြီးကျွန်း မြို့ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပြီး ကျူးလွန်သူ မိုးဒီ(ခ)အောင်ထက် ပိုင်(ခ)မင်းသိန်းကျော်က ထွက်ပြေး တိမ်းရှောင်နေတာကြောင့် စက်တင်ဘာ ၁၂ ရက်နေ့အထိ ဖမ်းဆီးရမိတာမရှိသေးဘူးလို့ သိရပါတယ်။

"ကျူးလွန်တဲ့ ကောင်ကထွက်ပြေးသွားတာဟုတ်ပါတယ်။ ဒီနေ့အထိဖမ်းမိတာမရှိသေးပါဘူး။သက်ဆိုင်ရာကစစ်ဆေးဆောင်ရွက်နေပါတယ်။"လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

အဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အကူညီနဲ့ အဓမ္မကျင့်ခံရတဲ့​ကျောင်းသူကို ကျန်းမာရေးဌာနက ကူညီ စစ်ဆေးပြီး လိုအပ်တဲ့ကူညီပေးတာတွေ လုပ် ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ပြီးတဲ့ရက်က ဧရာဝတီတိုင်း၊အိမ်မဲမြို့နယ်မှာ မသန်စွမ်းသမီအရင်း ဖြစ်သူကို အဓ္ဓမပြုကျင့်ခဲ့ပြီးကိုယ်ဝန်ရချိန်မှာဖျက်ချခိုင်းပြီး အရပ်က စုပေါင်းတိုင်ကြားလို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဖခင်အရင်းကို စက်တင်ဘာ ၈ ရက်ကဖမ်းဆီးရမိခဲ့ပါတယ်။

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image