May 2023 တွင် စွန့်ပစ်ခံခဲ့ရပေမယ့် အရမ်းကိုချစ်စရာကောင်းတဲ့ Mr. Snufflufugus ဒါမှမဟုတ် Snuffy လို့အမည်ရတဲ့ pitbull ခွေးလေးရဲ့ဇာတ်လမ်းက အရမ်းကို နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီခွေးလေးက သူ့ကိုကယ်တင်ပေးခဲ့သူကို ပွေ့ဖက်ထားတဲ့ပုံရိပ်က အားလုံးကိုချစ်မိသွားစေခဲ့တာပါ။ Copperas Cove Animal Control ကနေ Snuffy ကို ကယ်ဆယ်ခဲ့ကြပြီး Snuffy က သူ့ရဲ့ချစ်ခြင်းတွေကို ပြသခဲ့တာဖြစ်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ကနေ Snuffy အတွက် ထာဝရအိမ်လေးကို ရှာဖွေပေးဖို့ လုပ်ဆောင်ခဲ့ကြတာပါ။ သိပ်မကြာခင်မှာပဲ ချစ်စရာကောင်းတဲ့ Snuffy အတွက် အိမ်အသစ်ကို တွေ့ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ Snuffy အတွက် ကံဆိုးမှုတွေက အားလုံးပြီးဆုံးသွားဟန်မတူဘဲ အိမ်အသစ်ကိုမပို့ဆောင်ခင်မှာ Snuffy တွင် heartworms positive ဖြစ်နေတာကို တွေ့ရှိခဲ့ကြပြီး ဒါကိုချက်ချင်း ဖယ်ရှားဖို့လိုအပ်ခဲ့တာပါ။
ဒါ့အပြင် ဒီချစ်စရာခွေးကလေးမှာ နှလုံးကြီးနေပြီး အဆုတ်ပျက်စီးနေခဲ့တာဖြစ်ကာ သူ့ရဲ့အခြေအနေကို အတော်လေးဆိုးရွားစေခဲ့ပါတယ်။ ဒါပေမဲ့ ဘဝကြီးက ဘယ်လောက်ပဲ ဆိုးရွားနေပါစေ Snuffy ကတော့ ဒါကို ကြောက်ရွံ့မနေခဲ့ပါဘူး။ လိုအပ်တဲ့ကုသမှုကို ခံယူပြီးနောက်မှာတော့ Snuffy ရဲ့ အခြေအနေဟာ အောင်မြင်မှုပေါ်ထွက်လာခဲ့ပြီး ကျန်းမာရေး ကောင်းမွန်လာခဲ့ပါတယ်။ သူ့ရဲ့ထာဝရအိမ်ကိုရှာဖွေဖို့ Snuffy ရဲ့ နောက်ဆုံးစိန်ခေါ်မှုတစ်ခုကတော့ သူဟာ တခြားခွေးတွေ၊ သေးငယ်တဲ့တိရစ္ဆာန်တွေနဲ့ အတူတူမနေထိုင်နိုင်ခြင်းပါ။ Snuffy အရမ်းချစ်ရပြီး သူ့ကိုကယ်တင်ပေးခဲ့တဲ့ ကယ်ဆယ်ရေးဝန်ထမ်း အမျိုးသမီးဟာ Snuffy ကို ထာဝရမခေါ်ထားနိုင်ပေမယ့် သူအိမ်အသစ်မရခင်အထိတော့ အကောင်းဆုံးစောင့်ရှောက်သွားမယ်လို့ ဆိုပါတယ်။
