စာချုပ်သစ်အတွက် ဆာလီဘာနဲ့ အာဆင်နယ် ဆွေးနွေး

စက်တင်ဘာ ၁၃

အာဆင်နယ်အသင်းဟာ ရီးရယ်လ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ပြင်သစ်နောက်ခံလူ ဆာလီဘာနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ စတင်ပြီး ပြုလုပ်နေပြီ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ စာချုပ်သက်တမ်း ၂ နှစ်သာ ကျန်ရှိတော့တဲ့ ဆာလီဘာကို စာချုပ်သစ်ချုပ်ပြီး အသင်းမှာ ဆက်ထားဖို့ စိတ်အားထက်သန်နေတာပါ။

ပြင်သစ်သတင်းစာ Foot Mercato က ရီးရယ်လ်အသင်းဟာ ဆာလီဘာကို ခေါ်ယူချင်နေတာကြောင့် သူ့ရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ဖော်ပြထားပါတယ်။

အာဆင်နယ်အသင်းနဲ့ ဆာလီဘာတို့ဟာ စာချုပ်သစ်အတွက် သဘောတူညီမှု မရရှိသေးပေမယ့် လန်ဒန်ကလပ် ဟာ စာချုပ်သစ် အမြန်ဆုံး ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေတာပါ။

အာဆင်နယ်အသင်းဟာ ဒီနွေရာသီမှာ မိုစကွဲယား၊ ဟင်ကာပီတို့လို နောက်တန်းတွေ အပါအဝင် အဓိက ကစားသမား အများအပြားကို ခေါ်ယူအားဖြည့်ထားတာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်က အာဆင်နယ်အသင်းကို ရောက်ရှိလာခဲ့တဲ့ ဆာလီဘာဟာ ၂၀၂၂-၂၃ ရာသီမှသာ စတင်ပါဝင်ခွင့် ရခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။

ဆာလီဘာဟာ အာဆင်နယ်အသင်းအတွက် ၁၃၇ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုးသွင်းယူကာ အသင်းမှာ ပျော်ရွှင် နေတယ်လို့ ပြောထားပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိ ဆာလီဘာဟာ ပြီးခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် အပါအဝင် အသင်းရဲ့ပွဲစဉ်အချို့ကို လွဲချော်ဖွယ်ရှိနေ တာပါ။

အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲကစားအပြီးမှာ ၂ ပွဲနိုင်၊ ၁ ပွဲ အရေးနိမ့်ထားပါတယ်။ အာဆင်နယ်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ပြီးရင် ဘီလ်ဘာအိုအသင်းနဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Goal

ပုံ - ဆာလီဘာကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

imageimage