ယောဂဗဟုသုတဟင်းလေးအိုးအပိုင်း(၁) Hatha yoga(ဟတ္ထယောဂ)ဆိုတာဘာလဲ hathaဆိုတဲ့စကားလုံးက haနဲ့thaကိုပေါင်းပြီးရေးထားတာဖြစ်ပါတယ် haဆိုတာ နေကိုဆိုလိုတာဖြစ်ပြီး thaဆိုတာ လကိုကိုယ်စားပြုပါတယ် ဒါကြောင့်hatha yogaကိုနေလယောဂလို့လဲခေါ်ကြပါတယ် hatha yogaကျင့်စဥ်မှာ နေရဲ့အဓိပ္ပာယ်က အသက်ဓာတ်စွမ်းအင်prana(ပရာန)ဖြစ်ပြီးလကို စိတ်စွမ်းအင်မန(mana)လို့အဓိပ္ပာယ်ရပါတယ် အသက်ဓာတ်စွမ်းအင်လို့ခေါ်တဲ့ pran​​aကို မြန်မာလို ပရာန လို့ဖတ်ရပါတယ်hathayoga က အသက်ဓာတ်စွမ်းအင်နဲ့စိတ်စွမ်းအင်ကိုမျှတအောင်လုပ်ပေးတဲ့ကျင့်စဥ်ဖြစ်ပါတယ်​ ယောဂအယူအဆအရ အသက်ဓာတ်စွမ်းအင်(ပရာန)နဲ့စိတ်ဟာအချင်းချင်းဆက်စပ်မူရှိပါတယ် ပရာနကိုထိန်းချုပ်နိုင်ရင် စိတ်ကိုအလွယ်တကူတည်ငြိမ်အောင်လုပ်နိုင်ပါတယ် hatha yogaမှာကျင့်စဥ်ခြောက်ရပ်ရှိပါတယ် အဲ့တာတွေကတော့shatkarma(ရှက်ကမ္မ) asana (အာဆန)pranayama(ပရာနာယာမ) mudra(မုဒြာ) bandha(ဗန္ဓ)ဖြစ်ပါတယ် shatkarmaဆိုတာ ခန္ဓာကိုယ်က အဆိပ်အတောက်တွေသန့်ရှင်းပေးတဲ့ကျင့်စဥ်ဖြစ်ပါတယ် asanaဆိုတာ hatha yogaရဲ့ အခြေခံဖောင်ဒေးရှင်းဖြစ်ပါတယ် ရာဇယောဂကျင့်စဥ်မှာတော့ asanaကိုထိုင်တဲ့
positionအဖြစ်ပဲအသုံးပြုပါတယ် hatha yogaမှာတော့ asanaဆိုတာ ခန္ဓာကိုယ်ထဲက အသက်ဓာတ်စွမ်းအင်လမ်းကြောင်းနဲ့အဲ့လမ်းကြောင်းစုစည်းရာဖြစ်တဲ့chakraစွမ်းအင်စင်တာတေ​ွကိုဖွင့်ပေးတဲ့ကျင့်စဥ်ဖြစ်တယ် နောက်ထပ်hatha​ yogaကျင့်စဥ်ထဲမှာပါတာက pranayamaဖြစ်ပါတယ် pranayamaဆိုတာ pranaနဲ့ayamaနှစ်မျိုးပေါင်းထားတဲ့စာလုံးဖြစ်ပါတယါpranaဆိုတာ အသက်ဓာတ်စွမ်းအင်ayama အလွှာကိုချဲ့ထွင်ခြင်းဖြစ်ပါတယ်pranayamaဆိုတာ အသက်ဓာတ်ကို ခန္ဓာကိုယ်မှာတိုးပွားလာအောင် ကျင့်ကြံရတဲ့ hatha yogaအသက်ရူကျင့်စဥ်တွေဖြစ်ပါတယ် hatha yogaရဲ့နောက်ထပ်ကျင့်စဥ်လေးကတော့ mudra(မုဒြာ)ဖြစ်ပါတယ် သက္ကတဘာသာစကားအရ mudraဆိုတာ သကေ်တ လို့အဓိပ္ပာယ်ရပါတယ် hatha yoga mudraက အသက်ဓာတ်စွမ်းအင်(ပရာန)ကို အလဟဿမဖြစ်အောင်ထိန်းသိမ်းနိုင်အောင်ကျင့်ရတဲ့ ကျင့်စဥ်ဖြစ်တယ် နောက်ထပ်တခုဖြစ်တဲ့bandha(ဗန္ဓ)ဆိုတာ ထိန်းချုပ်ခြင်း ချုပ်ကိုင်ခြင်းလို့အဓိပ္ပာယ်ရပါတယ် bandhaကို့လေ့ကျင့်​ခြင်းဖြင့် အသက်ဓာတ်စွမ်းအင်(ပရာန)ကိုထိန်းချုပ်ပေးပါတယ် hatha yogaက ပရာန ကိုအသုံးချပြီးတော့စိတ်ကိုတည်ငြိမ်အောင်ကူညီပေးပါတယ် အပိုင်း(၂)ဆက်ရန်✍️✍️✍️✍️ ကိုးကားကျမ်းများ Swami Satyananda saraswati (Asana Pranayama mudra bandha) Swami Muktibodhananda(Hatha yoga pradipika) Swami Niranjanananda Saraswati(prana and pranayama)

image