ဗုဒ္ဓသရဏံ ဂစ္ဆာမိ သီချင်းကို ကလပ်မှာ DJ တီးခတ်ဖျော်ဖြေခဲ့တဲ့ DJ Violet သံဃနာယကအဖွဲ့ဆီမှာ ဝန်ချတောင်းပန်မယ်
စက်တင်ဘာ ၁၁
ဓမ္မတေး သီချင်းဖြစ်တဲ့ ဗုဒ္ဓသရဏံ ဂစ္ဆာမိ သီချင်းကို ကလပ်မှာ DJ တီးခတ်ဖျော်ဖြေခဲ့တဲ့ အပေါ် DJ Violet အနေနဲ့ လူမှုကွန်ယက်မှပြန်လည်တောင်းပန်ခဲ့သလို သက်ဆိုင်ရာ သံဃနာယကထံမှာလည်း ဝန်ချတောင်းပန်ရမှာဖြစ်တယ်လို့ သိရပါတယ်။
" နီးစပ်ရာ သံဃနာယကရုံးမှာ တောင်းပန် ဝန္ခ်
ကန်တော့သွားမယ့် အကြောင်း ညက မိမိနဲ့ ဖုန်းဆက်ဆွေးနွေးခဲ့တယ်။မိမိမှလည်းဆုံးမ စကား အနည်းငယ်ပြောပြီးလုပ်ရိုး လုပ်စဉ် ထုံးနည်း ညွန်ကြားကာကျန်းမာ ချမ်းသာကြပါစေလို့ မေတ္တာပို့သပေးခဲ့တယ်။ဗုဒ္ဓဘာသာ ရဟန်းရှင်လူအများ အနေနဲ့လည်း ဒကာမေလးမွ သံဃာ့နာယကထံ တောင်းပန်ပြီးပါကနားလည် ခွင့်လွှတ်ပေးကြစေကြောင်း " ဆိုပြီး မစိုးရိမ်ဖေးမလက်တွဲ ဆရာတော်က သူ့ရဲ့လူမှုကွန်ယက်ကနေ အသိပေးထားပါတယ်။
DJ Violet အနေနဲ့ "ဗုဒ္ဓသရဏံ ဂစ္ဆာမိ " ဓမ္မတေးသီချင်းကို ကလပ်မှာ DJ Remix လုပ်ပြီး ဖွင့်ကာ ကခုန်ပျော်ပါးနေတဲ့ ရုပ်သံဖိုင်ကြောင့် အများပြည်သူအကြားမှာ ဝေဖန်မှုမြင့်တက်လာပြီးနောက် DJ Violet က စက်တင်ဘာ ၁၀ ရက်မှာ သူ့ရဲ့လူမှုကွန်ယက်ကနေ တောင်းပန်ကြောင်း စာရေးသားခဲ့ပါတယ်။
" ကျွန်မကိုယ်တိုင်လဲဗုဒ္ဓဘာသာကိုစော်ကားရင်အမြတ်ထွက်သလိုအားလုံးဖြစ်မယ်ဆိုတာကိုလဲသိ့ပါတယ်။ ကျွန်မကိုအားရပါရပြောကြပါ။အဲထက်ကြီးတဲ့အပြစ်တွေရှိရင်လဲပေးကြပါ ။တကယ်အနူးအညွတ်တောင်းပန်ပါတယ်။တမင်ရည်ရွယ်ပီးလုပ်ခဲ့တာမဟုတ်ပါဘူး။တောင်းပန်တဲ့စကားလုံးထက်ကောင်းတဲ့စကားရှိရင်လဲပြောပီးတောင်ပန်ချင်ပါတယ်။စိတ်အအနှောက်ယှက်ပေးမိ့ခဲ့လိုလဲတောင်းပန်ပါတယ်။ကိုယ်ကိုတိုင် ဗုဒ္ဓဘာသာ ဖြစ်နေပါရက်နဲ့ သတိမပြုမိ့ဘဲ လုပ္မိ့တဲ့ အမှားအတွက် အားလုံးကိုအနူးအညွန့်တောင်းပန်ပါတယ်ရှင်။နောက်နောင် အဲလိုအမှားမျိုးမဖြစ်အောင် ဆင်ခြင်ပါ့မယ်ရှင်။" ဆိုပြီး တောင်းပန်ကြောင်းရေးသားထားပါတယ်။
DJ Violet ဘက်မှတောင်းပန်ခဲ့ပေမယ့်လည်း
ဓမ္မတေးသီချင်းကို ကလပ်မှာဖွင့်လှစ်ပြီးကတဲ့အပေါ် ပြည်သူအများစုကတော့ မလုပ်သင့်တဲ့ကိစ္စဖြစ်ကြောင်း ဝေဖန်မှုဆက်ရှိနေပြီး အရေးယူပေးဖို့ ပြောဆိုသူတွေလည်းရှိနေတာတွေ့ရပါတယ်။
" ဒါက ဘုရားစာလေ။ဘုရားကိုပူဇော်တဲ့သီချင်းပါ။ဒါကို Remix လုပ်တာအထိလက်ခံလို့ရသေးတယ်။ မူးရူးကခုန်နေတဲ့ ကလပ်မှာ ဘုရားသီချင်းဖွင့်ပြီးကတာကတော့ မလုပ်သင့်တဲ့အရာပါ။အသိစိတ်လွတ်တယ်ပြောရအောင်လည်း လက်အုပ်ချီပြီးတောင်ကနေကြတာ မြင်ရတာပဲလေ။ထိရောက်တဲ့အရေးယူမှုတော့လုပ်ဖို့လိုတယ်လို့ကျွန်တော်ထင်ပါတယ်။ခုလိုပြောတာ ချစ်ခြင်းမုန်းခြင်းမရှိပါဘူး။ " လို့ ပြည်သူတယောက်က ပြောပါတယ်။
ဗုဒ္ဓသရဏံ ဂစ္ဆာမိ ဓမ္မတေးသီချင်းက အဆိုတော်ပိုးအိစံမှ သရဏဂုံသုံးပါးကို ပူဇော်တဲ့အနေနဲ့ သီဆိုထားတဲ့ တေးသီချင်းဖြစ်ကြောင်း ၊ ဓမ္မတေးသီချင်းကို DJ Remix ပြုလုပ်သူကိုလည်း အရေးယူဖို့လိုကြောင်း ပြည်သူတွေက ဝေဖန်ပြောဆိုနေကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထက်တုန်းကလည်း ရန်ကုန်မြို့ ၊ရွှေတောင်ကြားလမ်းမှာ ဖွင့်လှစ်တဲ့ V gasto bar ရဲ့ကြော်ငြာဆိုင်းဘုတ်မှာ ဗုဒ္ဓရုပ်ပုံတော်ကို နားကြပ်တပ်ပြီး ကြေငြာခဲ့တာကြောင့် ဆိုင်ကိုပိတ်သိမ်းခံခဲ့ရတဲ့အပြင် ဆိုင်ပိုင်ရှင်နဲ့ ဝန်ထမ်းနှစ်ယောက်ကိုလည်း ဖမ်းဆီးကာ ထောင်ဒဏ်ချမှတ်ခဲ့မှုရှိခဲ့ပါတယ်။
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
