၁၉၇၂ ခုနှစ်တုန်းက ဂျွန်ဝိုဂ်တိုဝစ်ဇ် (John Wojtowicz) ဟာ သူ့လိင်တူဇနီးဖြစ်သူ အီဒင် (Eden) ရဲ့ လိင်အင်္ဂါ ပြောင်းလဲခွဲစိတ်ကုသမှုစရိတ်အတွက် ဘရွတ်ကလင်မြို့က ချေ့စ်ဘဏ် (Chase bank) ကို ဓားပြတိုက်ဖို့ ကြိုးစားခဲ့ပါတယ်
ဝိုဂ်တိုဝစ်ဇ်ဟာ အဲဒီနေ့ မနက်ပိုင်းကမှ ကြည့်ရှုခဲ့တဲ့ "The Godfather" (၁၉၇၂) ရုပ်ရှင်ကို ကြည့်ပြီးတော့ သူ့ရဲ့ ဘဏ်ဓားပြတိုက်မယ့်အစီအစဉ်ကို ချမှတ်ခဲ့တာပါ
ဒီဓားပြတိုက်မှု သူထင်ထားသလိုမဟုတ်ဘဲ မအောင်မြင်ခဲ့ပါဘူး သူဟာ စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေတဲ့အချိန်မှာ ဘဏ်ရဲ့အပြင်ဘက်ကို FBI ၊ ရဲတပ်ဖွဲ့၊ ရုပ်သံသတင်းထောက်အဖွဲ့နဲ့ လူအယောက် ၂,၀၀၀ လောက် စုရုံးရောက်ရှိနေခဲ့ပါတယ်
ဝိုဂ်တိုဝစ်ဇ်ဟာ လူ ၇ ဦးကို ၁၄ နာရီကြာ ဓားစာခံအဖြစ် ဖမ်းဆီးထားရင်း လူအုပ်ကြီးထဲဆီ ပိုက်ဆံတွေ ကြဲချခဲ့ကာ ဘဏ်ရဲ့ နောက်ပေါက်ကနေ ထွက်သွားခဲ့ပါတယ် နောက်ဆုံးမှာတော့ သူဟာ ဖမ်းမိခံခဲ့ရပြီး ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံရပေမယ့် ၅ နှစ်သာ ကျခံခဲ့ရပါတယ်
သူ့ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး "Dog Day Afternoon" ရုပ်ရှင်ကို ရိုက်ကူးခဲ့ပါတယ်။ ဒီရုပ်ရှင်မှာ "The Godfather" ဇာတ်ကားထဲက သရုပ်ဆောင်တွေဖြစ်တဲ့ အယ်လ်ပါချီနို (Al Pacino) နဲ့ ဂျွန်ကာဇေးလ် (John Cazale) တို့ ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်
ဝိုဂ်တိုဝစ်ဇ်ဟာ အဲဒီရုပ်ရှင်အတွက် ဒေါ်လာ ၇,၅၀၀ နဲ့ ရုပ်ရှင်ရဲ့အမြတ်ငွေ ၁% ကို ရရှိခဲ့ပြီး အဲဒီပိုက်ဆံတွေကို သူ့ဇနီးရဲ့ ခွဲစိတ်မှုစရိတ်အတွက် ပေးခဲ့ပါတယ်
အီဒင်ဟာ အဲဒီပိုက်ဆံနဲ့ ခွဲစိတ်မှုကို ပြုလုပ်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဝိုဂ်တိုဝစ်ဇ်နဲ့ လမ်းခွဲခဲ့ပြီး တခြားအမျိုးသားတစ်ဦးနဲ့ လက်ထပ်ခဲ့ပါတယ် ၁၉၈၇ ခုနှစ်မှာတော့ AIDS ရောဂါနဲ့ ကွယ်လွန်ခဲ့ရပါတယ် ဝိုဂ်တိုဝစ်ဇ်ကတော့ သူသေဆုံးတဲ့အထိ အီဒင်ကို မမေ့နိုင်ဘဲ ချစ်နေခဲ့တယ်လို့ ပြောခဲ့ပါတယ်
#ဗဟုသုတ #knowledge #facts #whatthefacts