မနက်ခင်းအစားအစာထဲကတစ်ခုဖြစ်တဲ့
အမယ်စုံစုံလေးနဲ့ အစုံသုပ်လေးသုပ်စားရအောင်နော် 👇🏻
လွယ်လွယ်ကူကူ " အစုံသုပ် " ❣
ခေါက်ဆွဲ ၊ ဆန်ကြာဇံ ၊ သခွားသီးပါးပါးလှီး၊
သင်္ဘောသီးခြစ်
ပဲပြားကြော်၊ အာလူးပြုတ်၊ ပဲပင်ပေါက်လှော်၊ တိုဟူး၊ ငရုတ်ဆီနဲ့နယ်ထားတဲ့ထမင်း ( ဆီပူပူထဲငရုတ်သီးအရောင်တင်မှုန့်ထည့် ..
ပြီးချက်ချင်းအအေးခံထားတဲ့ငရုတ်ဆီ)၊ဂေါ်ဖီထုပ်ပါးပါးလှီး
ဒါတွေကထည့်သုပ်စားမယ့်ပစ္စည်းတွေပါ ။၊
ကြက်သွန်ဖြူဆီချက်
ကြက်သွန်နီဆီချက်
ပုစွန်ခြောက်မှုန့်
ငံပြာရည်
ပဲအကျက်မှုန့်
ငရုတ်သီးအကျက်မှုန့်
မန်ကျည်းမှည့်ရည်
ကြက်သွန်နီပါးပါးလှီး ၊ နံနံပင်၊ ရှောက်ရွက်ပါးပါးလှီး
ငှက်ပျောဖူးနုနုပါးပါးလှီး စသည်တို့
တွေလိုအပ်ပါတယ်...
သုပ်မယ်ဆို ဆီချက်ရည်နဲ့ပဲမှုန့်ကိုအချိုးအစားမျှဖို့ဂရုစိုက်ပါ
ပဲမှုန့်လတ်လတ်ဆတ်ဆတ်နဲ့သုပ်ရင်
အလွန်အရသာရှိပါတယ်..
ငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူကတော့နှစ်သက်ရင်ထည့်စားပါ
Credit ခန့်ခန့်ကြီး
Credit photos

image
image
image