အထိုင်များတဲ့အခါ...
တနေကုန် အလုပ်စားပွဲမှာထိုင်နေရတာမျိုး👨💻 ၊ ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့သူတွေမှာ
အချိန်ကြာလာရင် အညောင်းမိတာမျိုး၊ တော်ရုံကွေးလို့ဆန့်လို့မရဘဲ အကြောတွေတင်းနေတတ်ပါတယ်😥
အသက်ငယ်စဥ်မှာ မသိသာပေမယ့် အသက်ကြီးလာတဲ့အခါမှာတော့👵👴 အရိုးအကြောတွေဟာ ရောဂါတစ်ခုအဖြစ် ဒုက္ခပေးလာနိုင်ပါတယ်
ဒါကြောင့် အခုငယ်စဥ်တည်းက မနက်အစော၊ ညနေပိုင်းအပူချိန်ကျဆင်းချိန်တို့မှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ မဖြစ်မနေလုပ်ဆောင်သင့်ပါတယ်ရှင်✅
ကိုယ်လက်လှုပ်ရှား အများကြီးမလုပ်နိုင်၊ မလုပ်အားသူတွေက တရက်ကို တစ်နာရီ အချိန်ပေးပြီး ယောဂကျင့်ဖို့တော့ တိုက်တွန်းပါရစေရှင့်⚠
ယောဂကျင့်စဉ်တွေဟာ နူးညံ့တဲ့လှုပ်ရှားမှုတွေသာပြုလုပ်ရတဲ့အပြင် အကြောတွေပြေလျော့စေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ညီညွတ်မျှတအောင် စွမ်းဆောင်ပေးနိုင်တာကြောင့် ပုံမှန်လုပ်ဆောင်ပေးမယ်ဆိုရင် ပိုမိုကျန်းမာကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်မှာ အသေအချာပါပဲနော်💯
Credit
