Kimbab
#ကိုရီးယားထမင်းလိပ်
#ကိုရီးယားမာလာသုပ်
ပါဝင်ပစ္စည်း
⏩⏩⏩
ရှမ်းဆန် ၂ ဗူး
ရေညှိဖတ် ၁၀ ရွက်၊
ကြ က်ဥ ၃ လုံး၊
အသားပြား ၅ ချပ်၊
CP ကြ က်အူချောင်း ၄ ချောင်း၊
ဂဏန်းအသားချောင်း ၅ ချောင်း၊
သခွားသီး ၂ လုံး၊
မုန်လာဥနီ ၁ ချောင်း၊
ဟင်းနုနွယ် ၁ စည်း၊
ဆလပ်ရွက် ၅ ရွက်၊
နှမ်းဆီမွှေး၊
နှမ်းစေ့၊သကြားနည်းနည်း၊
( ကိုယ်နှစ်သက်တဲ့အသားချောင်းလေးတွေထည့်လို့ရပါတယ်)
ကိုရီးယားထမင်းလိပ်ပြုလုပ်နည်း
⏩⏩⏩⏩⏩⏩⏩
ရှမ်းဆန်နို့ဆီဗူး ၂ ဗူးရေဆေးပြီး ရေနို့ဆီဗူး ၂ ဗူးခွဲထည့်ပြီး ချက်ထားပါ။ ပုံမှန်ဆန်ထက်ရေလျော့ထည့်ပြီးချက်ရပါတယ်။
ကျက်ပြီးဆို နှမ်းဆီ၊နှမ်းစေ့၊ဆား၊သကြားနည်းနည်း ထည့်ပြီးနယ်ထားပါ။
ကြက်ဥ ၃ လုံး ခလောက်ပြီး ဆီနည်းနည်းထည့်ပြီး အချပ်ပါးပါးလေးတွေ ၄ ချပ်လောက်ရအောင်ကြော်ပါ။
ကြော်ပြီးလျင် အချပ်အားလုံးဖြန့်ထပ်ပြီး ပါးပါးလေးတွေလှီးထားပါ။
ထည့်မယ့်အသားချောင်း၊အသားပြားတွေကို ပါးပါးလှီးပြီး နှမ်းဆီမွှေးနည်းနည်းစီထည့်ပြီး တစ်ခုခြင်းကြော်ထားပါ။
သခွားသီးကိုအစေ့လှီးပစ်ပြီး ပါးပါးရှည်ရှည်လှီးထားပါ။
မုန်လာဥနီကိုအခွံနွှာပြီးပါးပါးရှည်ရှည်လေးလှီးပြီး ဆား၊နည်းနည်းထည့်ကြော်ထားပါ။
ဟင်းနုနွယ်ကိုနွှင်ပြီးရေဆူအိုးမှာထည့် အစိမ်းရောင်မပျက်လေးအနေမှာဆယ်ပြီး ရေစစ်ပြီး နှမ်းဆီ၊နှမ်းစေ့၊ဆားထည့်ပြီးသုပ်ထားပါ။ဟင်းနုနွယ် အရိုးကြီးလျင် ခွဲထည့်ပါ။
ဆလပ်ရွက်ရေဆေးထားပါ။ ဆလပ်ရွက်က အလိပ်တိုင်းမထည့်လဲရပါတယ်)
အားလုံးအဆင့်ပြုလုပ်ပြီးပြီဆို ရေညှိရွက်ဖြန့်ပါ (ချောတာကအပြင်ဘက်ထားပြီးကြမ်းတဲ့ဘက်က အတွင်းဘက်ပါ)
ယင်းလိပ်ရှိပါက ယင်းလိပ်ပေါ်မှာရေညှိရွက်တင်ပါ။
ပြီးလျင် နယ်ပြီးသားထမင်းလေးတွေဖြန့်ထည့်ပါ ထမင်းအပေါ်ကမှ လှီးပြီးအသားချောင်း၊ဂဏန်းချောင်း၊ကြက်အူချောင်း၊ကြက်ဥ၊သခွားသီး၊ဟင်းနုနွယ်၊ဆလပ်ရွက် သင့်သလိုလေးထည့်ပြီးလိပ်ပါ။
အဖျားနားထိ ထမင်းမထည့်ရပါ။အဖျားနားကို နှမ်းဆီသုပ်ပေးပါ။
ဒါမှ ရေညှိရွက်ကကပ်ပြီးပြန်မကွာမှာပါ။
ယင်းလိပ်မရှိပါကလဲ ဒီအတိုင်းလက်နဲ့ထိန်းပြီးလိပ်လို့ရပါတယ်။
အားလုံးကို လိုသလိုလေးအလှဆင်ပြီး တစ်လိပ်ခြင်းလိပ်ပါ။
ဓားထက်ထက်နဲ့လှီး နှမ်းဆီလေးသုပ်၊နှမ်းစေ့ဖြူးပြီး စားလို့ရပါပြီ။
မရောနိရှိက အပေါ်ကအလှဆင်ပြီး စားလို့ရပြီ။
အိမ်မှာတော့မရှိလို့ နှမ်းစေ့လေးပဲဖြူးစားလိုက်တယ်။
⏭⏭⏭⏭⏭⏭⏭⏭⏭⏭⏭⏭⏭
ကိုရီးယားမာလာသုပ်
ကိုရီးယားမာလာသုပ်က ပိုတဲ့ကြက်အူချောင်း၊အသားပြား၊CP ချောင်း၊သခွားသီး၊မုန်လာဥနီ၊ဆလပ်ရွက်တွေကို ရယ်ဒီမိတ်မာလာအနှစ်ရည်နဲ့ဆော့ထည့်ပြီး သုပ်စားလိုက်တာပါပဲ။
ထမင်းလိပ်ချည်းကျအီစေတာမို့ ကိုရီးယားမာလာသုပ်လေးနဲ့တွဲစားလိုက်တော့ တကယ့်ကိုစားကောင်းသွားစေတယ်။
တူမလေးအလုပ်ပိတ်ရက်မို့သာ လုပ်စားဖြစ်တာ တစ်ယောက်ထဲဆိုလုပ်စားဖို့ထက် ဝယ်စားပါလို့ပဲပြောချင်ပါတယ်။😁
သူငယ်ချင်းတွေစုပြီး တစ်ခုခုလုပ်စားကြမယ်ဆိုရင်တော့ ဒီချစ်စရာ ကိုရီးယားထမင်းလိပ်လေးလုပ်စားဖို့တိုက်တွန်းပါတယ်။

image
image
image
image
image