12 w - Translate

ကမ္ဘာပေါ်က နောက်ဆုံးကျန်တဲ့ ကြံ့ဖြူလေး
ကမ္ဘာပေါ်မှာ အရမ်းရှားပါးပြီးဖြစ်တဲ့ ကြံ့ဖြူလေးတွေဟာ တစ်ချိန်က အများကြီးရှိခဲ့ပေမဲ့ လူတွေအမဲလိုက်မှုကြောင့် အရေအတွက် တဖြည်းဖြည်း နည်းလာခဲ့တယ်။
အခုတော့ Najin နဲ့ Fatu ဆိုတဲ့ ကြံ့ဖြူမလေး ၂ ကောင်ပဲ ကျန်ပါတော့တယ်။
သူတို့ရဲ့ ဖခင်ဖြစ်တဲ့ Sudan ဆိုတဲ့ ကြံ့ဖိုကြီး tay sone သွားပြီးနောက် ဒီကြံ့ဖြူမျိုးစိတ်ဟာ ကမ္ဘာကနေ ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့ပါပြီ။
ဒါကြောင့် သိပ္ပံပညာရှင်တွေဟာ သူတို့ကို အထူးဂရုစိုက်ပြီး မျိုးမသုဉ်းအောင် ကူညီပေးဖို့ ကြိုးစားနေကြပါတယ်။
Najin နဲ့ Fatu တို့ဟာ ကမ္ဘာပေါ်မှာ နောက်ဆုံးကျန်တဲ့ ကြံ့ဖြူလေးတွေဖြစ်လို့ သူတို့ကို ကင်ညာနိုင်ငံမှာ လက်နက်ကိုင်အစောင့်အရှောက်နဲ့ သေချာစောင့်ရှောက်ပေးထားပါတယ်။

image