1 w - Translate

၂၀၂၅ ခုနှစ် တိုင်းမ်မဂ္ဂဇင်းရဲ့ တစ်နှစ်တာအထူးချွန်ဆုံး ကလေးဆုရ ၁၇ နှစ်အရွယ် မိန်းကလေး
၂၀၂၅ ခုနှစ်အတွက် တိုင်းမ်မဂ္ဂဇင်းရဲ့ တစ်နှစ်တာအထူးချွန်ဆုံး ကလေးဆုကိုတော့ အသက် ၁၇ နှစ်အရွယ် လက်ဘနွန်နွယ်ဖွား မိန်းကလေး မာနွတ်က ဆွတ်ခူးသွားခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်အတွက် FBI အင်တာနက်မှုခင်းတိုင်ကြားရေးစင်တာရဲ့ ထုတ်ပြန်ချက်အရ အင်တာနက်ပေါ်မှ လိမ်လည်မှုပေါင်း ၈၆၀၀၀ ကျော် ရှိခဲ့ပြီး ဆုံးရှုံးနစ်နာမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ ဘီလျံအထိ ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ အသက် ၆၀ ကျော်အရွယ်တွေ လိမ်လည်ခံရတဲ့ ဆုံးရှုံးမှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၅ ဘီလျံအထိ ရှိပါတယ်။
မာနွတ်ကတော့ သူ့အဘိုးကိုယ်တိုင် ကြုံတွေ့ခဲ့တဲ့ အွန်လိုင်းလိမ်လည်မှုဖြစ်စဉ်ကြောင့် အသက် ၆၀ ကျော်အရွယ်တွေကို အွန်လိုင်းလိမ်လည်မှုတွေကနေ ကာကွယ်၊ တိုင်ကြားနိုင်မယ့် Shield Seniors ဝက်ဘ်ဆိုက်ကို တည်ထောင်ခဲ့တာပါ။ Shield Seniors ဝက်ဘ်ဆိုက်မှာ အွန်လိုင်းလိမ်လည်မှုတွေက ဘယ်လိုပုံစံရှိကြောင်း၊ သံသယဖြစ်ဖွယ် အီးမေးလ်တွေကို ဂရုတစိုက် စစ်ဆေးသင့်ကြောင်း၊ မသင်္ကာစရာတွေ့ရင် သတင်းပို့နိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။ မာနွတ်က အဲဒီဝက်ဘ်ဆိုက်ကို တစ်နှစ်အတွင်း တည်ထောင်ခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် Congressional App Challenge မှာ ဂုဏ်ပြုစကား ထည့်သွင်းပြောကြားခံခဲ့ရပါတယ်။

image