မြန်မာမှာ တီဘီရောဂါ ဖြစ်ပွားမှု မြင့်တက်နေ

စက်တင်ဘာ ၁၀

မြန်မာလူဦး‌ရေ တစ်သိန်းမှာ အယောက် ၈၇၀ ကျော်က တီဘီရောဂါပိုးရှိနေတယ်လို့ ပြည့်သူကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာနန္ဒဝင်းက ပြောပါတယ်။

ရန်ကုန်မြို့မှာ ဒီနေ့ပြုလုပ်တဲ့တီဘီရောဂါ ကူးစက်မှုအခြေအနေကို ရှင်းပြချိန် အခုလိုပြောလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာတော့ လူဦးရေ တစ်သိန်းမှာ တီဘီရောဂါပိုးရှိသူ ၃၃၈ ဦးရှိခဲ့တာဖြစ်ပြီး ၆ နှစ်အတွင်းမှာ အယောက် ၅၃၀ လောက်အထိ တိုးလာတာလို့ သူက ပြောပါတယ်။

ဒီအထဲမှာ တီဘီရောပိုးရှိသူ လူဦးရေ ၃ ပုံ ၁ပုံမှာ ၁ ပုံကတော့ ရန်ကုန်မှာ တွေ့ရတယ်လို့ ဆိုပါတယ်။

တီဘီရောဂါက ရိုးရိုးတီဘီနဲ့ ဆေးယဥ်ပါး တီဘီဆိုပြီး နှစ်မျိုးရှိပြီး နာတာရှည်ရောဂါတွေ၊ ဆီးချိုသွေးချိုရှိတဲ့သူ၊ HIV ပိုးကူးစက်ခံထားရသူ၊ လူအုပ်စုနဲ့ လုပ်ရတဲ့စက်ရုံ အလုပ်ရုံတွေ၊ အဟာရချို့တဲ့သူ၊ ဆေးလိပ်သောက်သူ၊ မူးယစ်ဆေးဝါးသုံးစွဲသူ၊ အကျဥ်းကျနေသူတွေနဲ့ အဆုတ်ရောဂါအခံရှိသူ စတဲ့သူတွေမှာ တီဘီရောဂါပိုးတွေ့ရှိတာဖြစ်ပါတယ်။

လက်ရှိမှာ ပြည်သူ့ကျန်းမာရေးစင်တာတွေမှာ တီဘီအတွက် ဆေးအလုံအလောက်ရှိပြီး အခမဲ့ပေးဝေနေတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

တီဘီကူးစက်မှုတွေ့ရှိရတဲ့မြို့နယ်တွေဟာ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာနဲ့ တောင်ဒဂုံစတဲ့ မြို့နယ်တွေမှာ တွေ့ရတာလို့ဆိုပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image