❝မြန်မာနိုင်ငံ နယ်စပ်ရေးရာဝန်ကြီးနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးတို့ တွေ့ဆုံ၍ နယ်စပ်ဒေသများ တည်ငြိမ်‌အေးချမ်းရေး ဆွေးနွေး❞

စက်တင်ဘာ ၁၀

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi အား စက်တင်ဘာ ၉ နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ၍ မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသများ တည်ငြိမ်‌အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် နယ်စပ်ဒေသများတွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပံ့ပိုးဆောင်ရွက်ပေးနေမှုအခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

အလားတူ ရခိုင်ပြည်နယ်အတွင်း၌ နယ်မြေတည်ငြိမ်အေးချမ်းမှု ရရှိလာပါက နေရပ်စွန့်ခွာသွားသူများအား ၎င်းတို့၏ဆန္ဒအလျောက် ဘေးကင်းပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များအပြင် UNHCR နှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

#centralnewsnaypyitaw

image