မလိုအပ်ဘူးထင်ရင် လှည့်ထွက်နိုင်တဲ့
မာနလေးတော့ ထားသင့်တယ်မဟုတ်လား
ကိုယ့်တန်ဖိုး ကျဆင်းလောက်တဲ့အထိတော့
အောက်ကျမခံသင့်ဘူးလေ
ညီမျှခြင်းမရှိသော အပေးအယူတွေက
အဓိပ္ပာယ် မဲ့နေဦးမှာပဲ
ဘယ်အရာမဆို တစ်ဖက်သတ် ဆန်လွန်းနေတာ
မကောင်းဘူးလို့ နားလည်ရမယ်
ကိုယ် ဘယ်လောက်တန်ဖိုးထားထား
အသိအမှတ်မပြုသူရဲ့ဆီမှာတော့
တန်ဖိုးရှိလာမှာ မဟုတ်ဘူး ။
ဘယ်သူတွေက ဘယ်လိုထင်တယ်ဆိုတာ
ဘဝမှာ သိပ်ကြီးကျယ်တဲ့ ကိစ္စမဟုတ်ပါဘူး
ဒါကြောင့် . . မာနဟာ မကောင်းဘူးဆိုပေမယ့်
ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့အတွက်တော့
မာနဆိုတာ လိုအပ်တယ်...။
#ဘုန်းခေ #စိတ်ခွန်အားနဲ့ရှေ့ဆက်မယ်

image