"လပေါ်မှာ Nuclear reactor ဆောက်မယ့် NASA "
လတ်တလောထွက်ပေါ်လာတဲ့ သတင်းတွေအရ အမေရိကန် အမျိူးသား အာကာသအေဂျင်စီတစ်ခုဖြစ်တဲ့ NASA ဟာ လာမယ့် ၂၀၃၀ ခုနှစ်မတိုင်ခင် လပေါ်မှာ Nuclear reactor (အနုမြူဓာတ်ပေါင်းဖို)တစ်ခုဆောက်မယ့်အစီအစဉ်ရှိကြောင်းသတင်းထုတ်ပြန်လာပါတယ်။
လပေါ်မှာ လူသားတွေ အခြေချနေထိုင်နိိုင်မယ့် အခြေချစခန်းတွေ တည်ဆောက်ဖို့ အကြံရှိနေတာ ၁၉၇၀ ပြည့်နှစ်တွေကတည်းကဖြစ်ပြီး အဲ့အချိန်က နည်းပညာနဲ့ လူအင်အားအခက်အခဲတွေ၊ ပြည်သူတွေရဲ့စိတ်ပါဝင်စားမှုတွေလျော့ကျခဲ့တာကြောင့် အခုချိန်အထိ လပေါ်စခန်းတွေကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမရှိပါဘူး။
ယခု NASA ကတည်ဆောက်မယ်လ်ို့ အကြံပြုတင်ပြထားတဲ့ nuclear reactor (အနူမြူဓာတ်ပေါင်းဖို)ဟာ စွမ်းအင်ထုတ်လုပ်မှုအတွက် 100KW ပဲရှိတာကြောင့် အသေးစား နျူကလီးယားဓာတ်ပေါင်းဖို တစ်ခုသာဖြစ်ပါတယ်။သာမန် လေအားလျှပ်စစ်သုံး လေရဟတ်တစ်ခုဟာ 5 MW ခန့်ထုတ်ပေးနိုင်ပါတယ်။
ဒါပေမယ့် အခုလိုတည်ဆောက်ဖို့ ရည်ရွယ်လာရတဲ့ အဓိကအကြောင်းကတော့ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတွေက လပေါ်မှာ အလားတူ နျူကလီးယားဓာတ်ပေါင်းဖို့တွေတည်ဆောက်ဖို့ အကြံရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်လာအပြီးမှာ အခုလို NASA ကလည်းပြန်လည်တုံပြန်လာတာဖြစ်ပါတယ်။
ဒါဟာ လာမယ့်အနာဂတ်မှာ ၁၉၆၀ ဆယ်စုနှစ်တုန်းက တွေ့ခဲ့ရတဲ့ အာကာသယှဉ်ပြိုင်မှုကို တဖန် ပုံစံမတူပဲ အသစ်မြင်ရဖို့ရှိနေတာလို့ပညာရှင်အများစုက သုံးသပ်ပါတယ်။
ဒါပေမယ့် အခုနှစ်ဘဏ္ဏာရေးနှစ်အတွင်းမှာ ရန်ပုံငွေအများအပြား ဖြတ်တောက်ခံထားရပြီး ပညာရှင်နဲ့အလုပ်သမားအများအပြားလျော့ချခံထားရတဲ့ NASA ဟာ အခုလိုလာမယ့် ၂၀၃၀ အတွင်းမှာ နျူကလီးယားဓာတ်ပေါင်းဖိုတည်ဆောက်ရေးလုပ်ငန်းစဉ်တွေကို ပြောထားသလို ပြီးအောင် အကောင်အထည်ပေါ်နိုင်ပမလားဆိုတာ ကတော့ စိတ်ဝင်စားစရာပါ။
(ဒီသတင်းနဲ့ပတ်သက်ပြီး လပေါ်အခြေစိုက်စခန်းတွေနဲ့ ဖြစ်နိုင်ချေသုံးသပ်ထားတာကို လာမယ့် post တစ်ခုမှာ ဆက်လက်ဆွေးနွေးသွားပါမယ်)

image