မွန်မလက်ရာ ငါးနီတူးကြော် သရက်သီးသုပ် 😋
ချဥ်ငံစပ် 🤤🤤🤤
ပါဝင်ပစ္စည်းများ.....
- သရက်သီးစိမ်း ၁-၂ လုံး (အမျှင်ခြစ်ပြီးသား)
- ငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
- ငါးပိရည် စားပွဲတင်ဇွန်း ၁ ဇွန်း
- ထန်းလျက် စားပွဲတင်ဇွန်း ၁ ဇွန်း
- အချိုမှုန့် (စိတ်ကြိုက်)
- သံပရာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
- ငရုတ်သီးမှုန့် (စိတ်ကြိုက်)
- မြေပဲလှော် (စိတ်ကြိုက်)
- ငါးနီတူးကြွပ်ကြော် (စိတ်ကြိုက်)
- ပုစွန်ခြောက် (စိတ်ကြိုက်)
- ပါးပါးလှီးထားသော ကြက်သွန်နီ
ပြုလုပ်နည်း.......
ပန်းကန်လုံးတစ်လုံးထဲတွင် ငံပြာရည်၊ ငါးပိရည်၊ ထန်းလျက်၊ အချိုမှုန့်၊ ငရုတ်သီးမှုန့်နှင့် သံပရာရည်တို့ကို ထည့်ပြီး သကြားပျော်သည်အထိ သမအောင် မွှေပါ။
ထို့နောက် ခြစ်ထားသော သရက်သီး၊ ပါးပါးလှီးထားသော ကြက်သွန်နီ၊ မြေပဲလှော်၊ ငါးကြွပ်ကြော်နှင့် ပုစွန်ခြောက်တို့ကို ထည့်ပြီး အားလုံးရောသွားအောင် ဖြည်းဖြည်းချင်း မွှေပါ။
အရသာကို မြည်းကြည့်ပြီး ကိုယ်ကြိုက်နှစ်သက်ရာ အချဉ်၊ အငန်၊ အချို၊ အစပ် အရသာတို့ကို ချိန်ညှိပါ။
ပန်းကန်ထဲသို့ထည့်ပြီး ချက်ချင်း စားသုံးနိုင်ပါပြီ......😋
