1 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ကန်ချနပူရီရှိ လမ်းဘေးသစ်တောထဲတွင် ပုန်းအောင်းနေသည့် မြန်မာများ ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ ကန်ချနပူရီပြည် နယ် ကန်ချနပူရီ-ဘော့ဖလွိုင်းလမ်း တစ်နေရာရှိ သစ်တောအစပ်တွင် စက်တင်ဘာ ၈ ရက် နေ့လယ်ပိုင်းက တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၇၅ ဦး ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြချက်အရ သိရသည်။
ဒေသခံများက လမ်းဘေးသစ်တောထဲတွင်ပုန်းအောင်းနေသည့်မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားအုပ်စု တစ်စု ရှိနေကြောင်း တိုင်ကြားချက်အရ သွား ရောက်စစ်ဆေးရာတွင် ဖမ်းမိခဲ့ခြင်း ဖြစ်ပြီး မြန်မာအလုပ်သမားများ သွားရောက်ဖမ်းဆီးစဉ်မြန်မာအလုပ် သမားများကို လာရောက်ခေါ် ဆောင်သည့် ပစ်ကပ်ကား သုံးစီးမှာထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံသား ၇၅ ဦး(အမျိုးသား ၅၂ ဦးနှင့် အမျိုးသမီး ၂၃ ဦး) တို့ . သည် ဘုရားသုံးဆူဘက်မှလာ ရောက်ခြင်းဖြစ်ပြီး ဆန်ခလာပူရီရှိနယ်စပ်လမ်းကြောင်းမှ တစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာကြကြောင်း ရဲတပ်ဖွဲ့ထံထွက်ဆိုခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသား ၇၅ ဦးအား တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် အရေးယူနိုင်ရန် ကန်ချနပူရီရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြချက်အရသိရသည်။

image