၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တုန်းက ဆွီဒင်နိုင်ငံမြောက်ပိုင်း Västerbotten ဒေသက ပီတာစကိုင်းဘာ့ဂ် (Peter Skyllberg) ဆိုသူ ဟာ ကားမောင်းလာရင်း လမ်းမပေါ်ကနေ ချော်ထွက်သွားပြီး နှင်းတွေဖုံးနေတဲ့ တောနက်ထဲကို ရောက်သွားခဲ့ပါတယ် သူ့ကားဟာ သစ်ပင်တစ်ပင်နဲ့တိုက်မိပြီး နှင်းတွေနဲ့ ဖုံးလွှမ်းသွားတာကြောင့် အပြင်လူတွေ မမြင်နိုင်လောက်အောင် ဖြစ်သွားခဲ့ရပါတယ် ဒါပေမဲ့ သူဟာ ကားထဲမှာ နှစ်လကြာ ပိတ်မိပြီးနောက် အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်
သူ့ကားဟာ နှင်းတွေနဲ့ လုံးဝဖုံးအုပ်သွားတာကြောင့် အပြင်က လေအေးတွေ ကားထဲကို မဝင်နိုင်တော့ပါဘူး နှင်းတွေဟာ အပူဒဏ်ကို ကာကွယ်ပေးတဲ့ သဘာဝအလျှောက် အပူလုံ (insulator) ပစ္စည်းဖြစ်ပါတယ် ဒါကြောင့် အပြင်မှာ အပူချိန် -၃၀°C အထိ ရှိနေပေမယ့် ကားထဲမှာတော့ အပူချိန်ဟာ ၀°C နီးပါးလောက်ဘဲရှိနေခဲ့ပါတယ်
ဒီအာနိသင်ကို Arctic ဒေသမှာ နေထိုင်တဲ့ Inuit လူမျိုးတွေရဲ့ Igloo (ရေခဲအိမ်) တွေမှာ တွေ့ရလေ့ရှိတာကြောင့် “Igloo Effect” လို့ ခေါ်ပါတယ်
နောက်ပြီးသူဟာ အသက်ရှင်သန်ဖို့အတွက် အရေးကြီးဆုံးဖြစ်တဲ့ ရေကိုတော့ နှင်းတွေစားပြီး ဖြည့်တင်းခဲ့ပါတယ် နှင်းတွေဟာ အေးခဲနေတာကြောင့် ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းထားဖို့ စွမ်းအင် ပိုမိုကုန်ဆုံးစေနိုင်ပေမယ့် ရေငတ်မခံရအောင် ကူညီပေးခဲ့ပါတယ်
စကိုင်းဘာ့ဂ်ဟာ သူကားထဲမှာရှိတဲ့ အစားအစာအနည်းငယ်ကို ပထမရက်တွေအတွင်း စားခဲ့ပါတယ် အဲဒီနောက်မှာတော့ အစားအစာ လုံးဝမရှိတော့တဲ့အတွက် ခန္ဓာကိုယ်ရဲ့ အဆီတွေကို ချေဖျက်ပြီး အသက်ရှင်သန်ခဲ့ပါတယ် အလွန်အမင်း အစားအစာပြတ်လပ်တဲ့အခါ လူ့ခန္ဓာကိုယ်ဟာ ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးစေပြီး အိပ်မောကျသလို အခြေအနေမျိုး (hibernation) ကို ရောက်သွားတတ်ပါတယ် ဒီလိုဖြစ်စဉ်မျိုးကြောင့် သူ့ရဲ့ စွမ်းအင်သုံးစွဲမှုကို လျှော့ချပြီး အသက်ဆက်နိုင်ခဲ့ပါတယ်
ပီတာ စကိုင်းဘာ့ဂ်ကို သူ့ကားပျောက်ဆုံးပြီး နှစ်လအကြာဖြစ်တဲ့ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာတော့ ရေခဲပြင်စက်ဘီးစီးသူတွေက မတော်တဆတွေ့ရှိခဲ့ပါတယ် ကယ်ဆယ်ရေးအဖွဲ့ ရောက်လာချိန်မှာတော့ သူဟာ အင်မတန် အားနည်းနေပြီး စကားတောင် ကောင်းကောင်းမပြောနိုင်လောက်အောင် ဖြစ်နေခဲ့ပါတယ်
ဆေးရုံမှာ စစ်ဆေးကြည့်တဲ့အခါ အစားအစာနဲ့ ရေဓာတ်ပြတ်လပ်မှုကြောင့် အလွန်အမင်း ပိန်ကျနေပြီး ရုပ်ပိုင်းဆိုင်ရာအရ အားနည်းနေပေမယ့် ခိုက်ခိုက်တုန်လောက်တဲ့ အအေးဒဏ်ကြောင့် ေxသဆုံးလုနီးပါး အခြေအနေမျိုး (hypothermia) မဖြစ်ခဲ့တာကို တွေ့ရှိရပါတယ်
သူ့ရဲ့ အသက်ရှင်သန်မှုဟာ မယုံနိုင်လောက်အောင် ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းက ဆေးပညာရှင်တွေနဲ့ ကျွမ်းကျင်သူတွေကို အံ့အားသင့်စေခဲ့ပါတယ် နောက်ဆုံးမှာတော့ ပီတာ စကိုင်းဘာ့ဂ်ဟာ ဆေးကုသမှု ခံယူပြီးနောက် ကျန်းမာရေးပြန်ကောင်းလာခဲ့ပါတယ်
