အသည်းကွဲနေတဲ့အချိန် ဖတ်သင့်တဲ့ စာအုပ်(၃)အုပ်📚💔
အချစ်ကြောင့်နာကျင်ခံစားရတဲ့အခါ....
အချစ်တွေ၊ ဆုံးရှုံးမှုတွေ၊ နာကျင်ခြင်းတွေက ရှင်သန်ရခြင်းရဲ့ တစ်စိတ်တစ်ပိုင်းပဲဆိုတာ ဒီစာအုပ်(၃)အုပ်က နားလည်စေပြီး ဒဏ်ရာတွေကို ပြန်လည်ကုစားနိုင်အောင် ကူညီပေးပါလိမ့်မယ်။
1️⃣ “I Know Everything About Love” – Dolly Alderton
Love, Friendship နဲ့ Heartbreak တို့အကြောင်းကို ယနေ့ခေတ် လူငယ်တွေ ကြုံတွေ့ရအများဆုံးပြဿနာတွေနဲ့ အချစ်ကို ဆုံးရှုံးရခြင်းဟာ ကိုယ့်ကိုယ်ကို ဆုံးရှုံးရခြင်းမဟုတ်ကြောင်း သတိပေးထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
2️⃣ “Tiny Beautiful Things” – Cheryl Strayed
ကိုယ့်ကိုနားလည်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့စကားပြောနေရသလို ခံစားရစေပြီး နာကျင်မှုတွေကို ခွန်အားတွေအဖြစ်သို့ ပြောင်းလဲနိုင်အောင် ကူညီပေးမယ့် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
3️⃣ “The Midnight Library” – Matt Haig
နောင်တတွေလွှမ်းမိုးပြီး မခံမရပ်နိုင်အောင် ခံစားနေရချိန် အဆုံးသတ်တစ်ခုစီတိုင်းက အသစ်တစ်ခုစတင်ဖို့၊ အသစ်တဖန် ပြန်လည်မွေးဖွားနိုင်ဖို့ ဖြစ်နိုင်ချေ တစ်ခုပဲဆိုတာ ပြသပေးတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။
💭 Which of these would you reach for on a lonely night? Or do you have your own “heartbreak book” to recommend? Share it in the comments — you never know who you might comfort today. 🌙✨
