1 ပတ် - ဘာသာပြန်ပါ။

🐬Freshwater Dolphin – Mormyrus Longirostris Care Guide 🐬
ကျွန်တော်တို့တွေ Discovery channel တွေနဲ့ တချို့သော ဇာတ်ကားတွေမှာဆိုရင် လင်းပိုင်လေးတွေအကြောင်း /
လင်းပိုင်လေးတွေရဲ့ပြကွက်ဆန်းများ/ လူနဲ့ရင်းနှီးနေထိုင်မှုတွေကို မြင်တွေ့ဖူးကြမှာပါ ။
ဒီလိုမြင်တွေ့ယုံတင်မကပါဘူး အပြင်မှာလဲ ပိုင်ဆိုင်မွေးမြူချင်ကြမယ်ဆိုတာကလဲအသေအချာပါပဲ။
ဒါပေမဲ့ကံမကောင်းတာက ဒီလင်းပိုင်လေးတွေက ရေငံမှာသာရှင်သန်နိုင်ကြပြီး
ကမ္ဘာမြေကြီးရဲ့ ရတနာတစ်ခုအဖြစ်ရှားပါးနေတဲ့အတွက် တော်ယုံလူမွေးနိုင်ကြမှာမဟုတ်ပါဘူး။
ဒါပေမဲ့ အားတော့မလျော့လိုက်ပါနဲ့ဦး
ကျွန်တော်တို့ ‌‌ေရချိုအလှမွေးငါးဝါသနာရှင်တွေအတွက်အခွင့်အရေးတစ်ခုကျန်ပါသေးတယ် ။
ဒီ Mormyrus လို့ခေါ်တဲ့ ပင်လယ်လင်းပိုင်တွေလိုမျိုး ထူးခြားတဲ့ဉာဏ်ရည် ပိုင်ဆိုင်ထားတဲ့ ရေချိုငါးလေးတစ်မျိုးကျန်နေပါသေးတယ်။
သူတို့လေးတွေဟာ ပင်လယ်လင်းပိုင်တွေလိုမျိုး လူနဲ့အတော်ရင်းနှီးနိုင်ပါတယ် ပင်ပေါင်ဘောလုံးငယ်များရွေ့ချင်း / ကွင်းဝိုင်းများအတွင်းဖြတ်ကျော်ခြင်း / လက်ညှိုးလက်ချောင်းများချရာမှာ အနီးကပ်လာစပ်စုခြင်း ပွတ်သတ်နေခြင်း စတာတွေ ကို လေ့ကျင့်ပေးနိုင်ပါတယ်
ဒါပေမဲ့ ဒီငါးလေးတွေဟာ မျိုးသုဉ်းပျောက်ကွယ်မဲ့ဘေးအန္တရာယ် ( IUCN Red List ) ထဲပါဝင်နေတဲ့အတွက်ကြောင့် ကျွမ်းကျင်မှုရှိတဲ့သူများသာမွေးစေခြင်ပါတယ်
* မူလဇာတိ = သူတို့တွေဟာ Africa ဒေသမှာရှိတဲ့ Sabi , Zambezi , Ludi စတဲ့ မြစ်တွေရဲ့ ရေစီးနှေးတဲ့နေရာတွေနဲ့ ရွံနွံထူထပ်တဲ့နေ‌ရာတွေမှာရှင်သန်ကြပါတယ်
* ရေအမျိုးအစား = ရေချိုအမျိုးအစားကိုနှစ်သက်ကြပါတယ်
* အပူချိန် / ph = အပူချိန် 77 – 81°F ( 24 – 28°C ) နဲ့ ph 6.7 – 7.7 ကြားမှာ နေထိုင်နိုင်ကြပါတယ်
သူတို့လေးတွေက အပူချိန် အရမ်းမြင့်လာပါက ရေထဲကအောက်စီဂျင်ကို ရယူဖို့ရန်ခက်ခဲပြီး သေဆုံးနိုင်တာကိုသတိပြုပါ
* အကြီးဆုံးရောက်နိုင်သောဆိုဒ် = 30″ ထိကြီးထွားနိုင်ပါတယ်
* ကန်အရွယ်အစား = သူတို့တွေက အရွယ်အစားကြီးမားတဲ့အလျောက် ကူးခပ်သွားလာဖို့ နေရာအကျယ်အဝန်းကောင်းကောင်းလိုအပ်ပါတယ်
ငယ်ရွယ်စဉ်မှာ 30gal ကအဆင်ပြေပေမဲ့ အရွယ်ကြီးလာတဲ့အခါ 55gal or 100gal အထိချဲ့ပေးသင့်ပါတယ်
* သက်တမ်း = လေ့လာမိသလောက်တော့ 6-10 yrs ထိနေနိုင်ပါတယ်
* အစားအစာ = ဒီငါးလေးတွေကိုမွေးမြူရာမှာ အခက်တွေ့တာက အစားအစာပဲဖြစ်ပါတယ် သူတို့ဟာ သဘာဝအစာဖြစ်တဲ့ ရေတီ ‌နဲ့ အင်းဆက်တွေကိုအဓိကစားကြပါတယ်
အလှမွေးငါးကန်ထဲရောက်တဲ့အခါ အစာခြောက်တွေကိုချက်ချင်းကျွေးဖို့ရာကျ အဆင်မပြေနိုင်ပါဘူး အစာအငတ်ခံပြီးသေနိုင်ပါတယ်
ဒါကြောင့် အစာစိုများ သက်ရှိအစာများကိုသာအဓိကကျွေးစေချင်ပါတယ်
ဥပမာ ရေတီ မြေတီ အာတီးမီးယား ရေပို ပုဇွန် နဲ့ အခြားသော အင်းဆက်များကျွေးနိုင်ပါတယ်
*ကျွေးရန်သင့်တော်သော အစာတံဆိပ် = အစာခြောက်ကျင့်နိုင်ပြီဆိုပါက protein များသော အစာခြောက်တံဆိပ်များကျွေးနိုင်ပါတယ်
* Tankmates = သူတို့ဟာ အရေပြားနူးညံ့ပြီးအခြားငါးကြီးများတိုက်ခိုက်မှုဒဏ်မခံနိုင်တာနဲ့ သူတို့ရဲ့ရန်လိုစိတ်ကြောင့် Tankmateတွေကတော့ ရွေးချယ်ဖို့အဆင်မပြေပါဘူး
* အခြားမျိုးကွဲများ = Mormyrus Longirosis, Mormyrus Kannume, Mormyrus Lacerda, Mormyrus Rume, and Mormyrus Tapirus
* ကန်အပြင်အဆင် = သူတို့တွေဟာ ရွံထူထပ်တဲ့ကြမ်းပြင်ထဲမှာ အစာရှာရတာကိုနှစ်သက်တဲ့အတွက်ကြောင့် အလှမွေးကန်ထဲမွေးတဲ့အခါမှာလဲ ကန်ကြမ်းပြင်မှာ သဲခင်းပေးသင့်ပါတယ်
ဒါပေမဲ့ သူတို့ရဲ့အရေပြားဟာကြေးခွံမပါဘဲနူးညံ့တာကြောင့် ‌ချွန်ထက်သော ကျောက်စရစ်တွေခင်းခြင်း / ကျောက်ဆောင်တွေ / ကျောက်ခက်တွေနဲ့ သစ်‌ေဆွးတုန်း တွေမထည့်သင့်ပါဘူး
ဒါ့အပြင် သူတို့ဟာ မျက်စိအမြင်သဲကွဲစွာမမြင်နိုင်တဲ့အတွက်ကြောင့်နေအလင်းရောင်စူးရှမှုကိုမနှစ်သက်ပါဘူး
ဒါကြောင့် မီးရောင်အုံ့အုံ့နဲ့ နေရောင်တိုက်ရိုက်မကျတဲ့နေရာမှာထားပေးရပါမယ်
အမြင်အာရုံသဲကွဲစွာမမြင်ရပေမဲ့ သူတို့ရဲ့အမြှီးတွေကနေလွှင့်ထုတ်လိုက်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေဟာ သူတို့ရဲ့လမ်းကြောင်းမှာဘာတွေရှိတယ်
ရန်သူမိတ်ဆွေစတာတွေခွဲခြားနိုင်အောင် အာရုံခံကိရိယာအဖြစ်ကူညီပေးပါတယ်
သူတို့လေးတွေဟာ နေ့ဘက်မှာဆိုပုန်းခိုဖို့အတွက် အချွန်အတက်မပါတဲ့
အခေါင်းအပေါက်ပါ ပိုက်လုံး သစ်တွေးတုန်းနဲ့ ကျောက်ဆောင်များလဲထည့့်ပေးသင့်ပါတယ်

* အထီးအမခွဲနိုင်ခြင်း = ယခုချိန်ထိတော့ မခွဲခြားနိုင်သေးပါဘူး
* သားဖောက်ခြင်း = Captive Breeding လုပ်တာတော့သိပ်မတွေ့ရသေးပါဘူး
လေ့လာမှုတွေအရတော့ အမတွေဟာ ဥချချိန်မှာ ရနိုင်တဲ့ ဥရေ ၁၀၀၀၀ ကနေ ၇၀၀၀၀ ထိ ဥချနိုင်ပါတယ်လို့ အကြမ်းဖျင်းသိရပါတယ်
#မှတ်ချက် ။ ။ Beginner နဲ့ moderate သမားများလုံးဝမမွေးမြူသင့်ပါဘူး

image
image
image