ဘာလို့ ဒွိန်းဂျွန်ဆင် (The Rock) သိသိသာသာပိန်ကျသွားရတာလဲ
မင်းသားကြီး ဒွိန်းဂျွန်ဆန် (The Rock) လို့ ပြောလိုက်တာနဲ့ ခန္ဓာကိုယ်ထွားထွားကြိုင်ကြိုင်နဲ့ မင်းသားကြီးလို့ သိကြပါတယ်။ ဒါပေမဲ့ ပရိသတ်တွေက အခုလအစောပိုင်းမှာ Venice Film Festival အတွက် အီတလီကို The Rock လာတဲ့အချိန် သိသိသာသာပိန်ကျသွားတာကို သတိထားမိခဲ့ကြပါတယ်။ သူ့ရဲ့ပိန်ကျသွားတဲ့အသွင်အပြင်ကို မြင်ပြီး ပရိသတ်တွေက နေများမကောင်းလို့လားဆိုပြီး စိုးရိမ်ပူပန်ခဲ့ကာ မေးခွန်းထုတ်ခဲ့ကြပါတယ်။
သူ 2025 Toronto International Film Festival ကို တက်ရောက်တဲ့အချိန်မှာတော့ သိသိသာသာပိန်ကျသွားတာနဲ့ပတ်သက်ပြီး ထုတ်ပြောလာခဲ့ပါတယ်။ Lizard Music ဇာတ်ကားအသစ်ရဲ့ဇာတ်ရုပ်အတွက် ခန္ဓာကိုယ်ပြောင်းလဲပြင်ဆင်မှုဖြစ်တယ်။ အောက်တိုဘာမှာ ရုံတင်ပြသမယ့် The Smashing Machine ဇာတ်ကားမှာ သူ့ဇာတ်ရုပ်အတွက် ခန္ဓာကိုယ်ပြောင်းလဲမှုလုပ်အပြီး ထပ်မံပြင်ဆင်ပြောင်းလဲခဲ့တာဖြစ်တယ်လို့ The Rock က ဆိုထားပါတယ်။
"ကျွန်တော် Smashing Machine မှာ လုပ်နိုင်တာခဲ့တာလို ထပ်ပြီး ပြောင်းလဲမှုလုပ်ဖို့ အခွင့်အလမ်းရတဲ့အတွက် ကျွန်တော် အရမ်းစိတ်လှုပ်ရှားမိပါတယ်။ မစောင့်နိုင်တော့ဘူး"လို့ The Rock က ပြောပါတယ်။ ကိုယ်အလေးချိန်ချဖို့အတွက် လက်ရှိလုပ်နေတဲ့ diet မှာ ကြက်သားလျော့စားတာပါတယ်လို့ ဟာသနှောပြီး ပြောခဲ့ပါသေးတယ်။ ပိန်အောင်လုပ်နေတဲ့ လုပ်ငန်းစဉ်မှာ ထပ်လုပ်ဖို့ နည်းလမ်းတွေ အများကြီးရှိသေးတယ်လို့လည်း ပြောသွားခဲ့ပါတယ်။
ဇာတ်ရုပ်တွေအတွက် ပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကြောင့် လူသိများတဲ့ The Rock က 2023 ခုနှစ် စူပါဟီးရိုးရုပ်ရှင် Black Adam မှာလည်း ဇာတ်ရုပ်အတွက် သိသိသာပြင်ဆင်ပြောင်းလဲမှုတွေ ရှိခဲ့ပါတယ်။
