1 w - Translate

“မသိချင်ယောင်ဆောင်ခြင်းရဲ့ စိတ်အေးချမ်းမှု”
ဘဝထဲမှာ အရာတိုင်းကို အဆုံးအလျားသိချင်၊ အားလုံးကို နားလည်ချင်တာက လူ့သဘာဝပါ။ဒါပေမယ့် အချို့အရာတွေက မသိချင်ယောင်ဆောင်ပဲ တိတ်ဆိတ်ထားတဲ့အခါပဲ စိတ်အေးချမ်းမှုကို ရနိုင်ပါတယ်။
မေတ္တာကို အားလုံးနားလည်မသုံးစွဲနိုင်သလို၊ သင်ပေးသမျှကို တန်ဖိုးမထားနိုင်တဲ့သူတွေလည်း ရှိပါတယ်။
အဲ့ဒီအချိန်မှာ စေတနာကို တန်ဖိုးမထားတာကို သတိထားမိသော်လည်း မသိချင်ယောင်ဆောင်လိုက်ပါ။
အရာတိုင်းကို စွဲမိနေလို့ မဖြစ်ပါ။
မလိုအပ်တာတွေကို လွှတ်ချတတ်မှ စိတ်အေးချမ်းနိုင်ပါတယ်။
တချို့အခြေအနေတွေမှာ မှန်နေရင်တောင် မငြင်းပဲ တိတ်ဆိတ်နေရတာဟာ ပညာတစ်ရပ်ပါ။
မြင်နေရင်တောင် မပြောပဲနေရခြင်းက စိတ်အေးချမ်းဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။
မသိချင်ယောင်ဆောင်ခြင်းက တကယ့် စိတ်အေးချမ်းမှုအတွက် လိုအပ်တဲ့ ပညာတစ်ရပ် ဖြစ်ပါတယ်။

image