Android ဖုန်းကိုင်ရင် Nova Launcher ကို တစ်ခါလောက်တော့ ထိတွေ့မိဖူးကြမှာပါ
အခုတော့ Android Fan တွေနဲ့ သိပ်မစိမ်းတဲ့ Nova Launcher ရဲ့ ဆုံးခန်းကိုရောက်ခဲ့ပါပြီ
သူ့အနေနဲ့ အခြေအနေမကောင်းပဲ ရှေ့ဆက်ခဲ့ရတယ် ဆိုရမှာပါ 2022 မှာ Branch ကနေ ဝယ်လိုက်တယ် နောက်ပိုင်းမှာ Nova Launcher Team က လူတော်တော်များများကို အလုပ်ဖြုတ်ပစ်ခဲ့တာပါ ဒါပေမယ့် ပဲ့ကိုင်ရှင် Kevin Berry ကတော့ ဆက်ရှိနေခဲ့ပါတယ်
Nova Launcher ရဲ့ နောက်ဆုံး Update ကို May 2024 အထိမှာထုတ်ခဲ့တာပါ
အခု 2025 September 6 မှာပဲ Berry ကနေပြီးတော့ Nova Launcher Project ကနေထွက်တော့မယ် ဆိုတဲ့အကြောင်း ကြေငြာလာခဲ့ပါတယ်
Project ကိုလည်း ရပ်တော့မယ့်ပုံပါပဲ Open Source လည်း ထုတ်ပေးမှာ မဟုတ်ဘူးလို့ ကနဦး သိထားရပါတယ် အစကတော့ Open Source အတွက် အစီအစဉ်ရှိခဲ့ပါတယ်တဲ့
ခေတ်တစ်ခေတ်မှာ နာမည်တော်တော်ကြီးခဲ့တဲ့ Launcher အနေနဲ့ အဆုံးသတ်ကိုတော့ရောက်သွားပြန်ပါပြီ စာဖတ်သူနဲ့တစ်ချိန်က သူမရဲ့ ဇာတ်လမ်းလေး လိုပဲပေါ့…..
