လူတွေ စိတ်ပိုင်းဆိုင်ရာမှာ မကျန်းမာခြင်း (မပျော်ရွှင်ရခြင်း) ရဲ့ အဓိကအကြောင်းအရင်းတစ်ခုကတော့ အထီးကျန်ခြင်း ဖြစ်ပါတယ်။
အထီးကျန်ခြင်းလို့ဆိုရာမှာ လူတွေ ကိုယ့်နားမှာ မရှိတာကြောင့်လည်း ဖြစ်နိုင်သလို လူတွေအနားရှိလျက်နဲ့လည်း ဖြစ်တတ်ပါတယ် ။ နည်းပညာကြောင့် ခေတ်က အာရုံတွေ လက်ရှိအခြေအနေကနေ ပျံ့တတ်တဲ့ခေတ် ဖြစ်ပါတယ် ။ ချစ်ခင်ရတဲ့လူတွေ အနားမှာရှိပေမဲ့ ဖုန်းတွေ ၊ အခြားနည်းပညာဆိုင်ရာ ကိရိယာတွေကို အသုံးပြုနေတာ အဲဒီအရာတွေအပေါ် အာရုံရောက်နေတာကြောင့် လူတွေနဲ့ ဝေးနေသလို ဖြစ်တတ်ပါတယ် ။
ဥပမာပေးရရင် ကိုယ့်အကြိုက်ဆုံး သီချင်းတစ်ပုဒ်ကို နားထောင်ရင် စိတ်ကျေနပ်မယ် ၊ အကြိုက်ဆုံး နောက်တစ်ပုဒ်ကို နားထောင်ရင်လည်း ကျေနပ်မယ် ။ ဒါပေမယ့် နှစ်ပုဒ်ပြိုင်တူဖွင့်ရင် ဆူညံသံဖြစ်သွားသလိုမျိုး ။ အဲဒီတော့ ချစ်ခင်ရတဲ့လူတွေအတွက် အချိန်ပေးပါ ။ သေချာအာရုံ စူးစိုက်ပြီး ရည်ရွယ်ချက်ရှိရှိ သူတို့နဲ့ နှစ်သက်ရာလုပ်ငန်းဆောင်တာတွေလုပ်ဖို့ သီးသန့်အချိန်ပေးပါ ။ အထီးကျန်ခြင်းကနေ သက်သာရုန်းထွက်နိုင်ပါလိမ့်မယ် ။
#unlocked #minhla
