ကနဦး တွက်ချက်မှုတွေအရ သက်တမ်းနှစ်ပေါင်း ၁.၈ သန်းခန့်ရှိတဲ့ လူသားမျိုးနွယ်ဝင်တစ်ဦးရဲ့ မေးရိုးအပိုင်းအစတစ်ခုကို ဂျော်ဂျီယာနိုင်ငံမှာ အခုနှစ် July လ အတွင်းမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒီလိုတွေ့ရှိမှုမျိုးဟာ အာဖရိကတိုက်ပြင်ပမှာနေထိုင်ခဲ့ဖူးတဲ့ ရှေးအကျဆုံး လူသားမျိူးဆက်တစ်ခုရဲ့အရိုးစုတွေ ကို တွေ့ရှိခဲ့တာဖြစ်ပြီး လူသားတွေရဲ့ ရွှေ့ပြောင်းနေထိုင်မှု သမိုင်းကို ပြန်လည်ရေးဆွဲနိုင်ဖို့ အရေးပါတဲ့ အထောက်အထားတစ်ခုလည်း ဖြစ်ပါတယ်။
ဒီမေးရိုးဟာ ရှေးအကျဆုံးလူသားမျိုးနွယ်တစ်ခုဖြစ်တဲ့ Homo Erectus မျိုးစိတ်ဝင်လူသားတစ်ဦးရဲ့ အရိုးဖြစ်တယ်လို့ ပညာရှင်တွေက အတည်ပြုထားပါတယ်။
Homo Erectus တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂ သန်းခန့်က စတင်ပေါ်ပေါက်ခဲ့ပြီး အာဖရိကတိုက်ကနေ ပထမဆုံးအကြိမ် ကမ္ဘာအနှံ့ပြန့်နှံ့ခဲ့တဲ့ မျိုးစိတ်ဖြစ်ပါတယ်။
"Homo Erectus" ဆိုတဲ့ လက်တင်စကားအမည်ရဲ့ အဓိပ္ပာယ်ကတော့ "မတ်မတ်ရပ်တဲ့လူ" ဖြစ်ပါတယ်။ သူတို့ဟာ လူသားသမိုင်းမှာ ပထမဆုံး မတ်မတ် လမ်းလျှောက်နိုင်ခဲ့တဲ့ မျိုးစိတ်ဖြစ်တာကြောင့် သူတို့ရဲ့အရိုးစုရုပ်ကြွင်း တွေဟာ ခေတ်သစ်လူသားတွေနဲ့ အတော်လေး ဆင်တူပါတယ်။
ဒါပေမယ့် Homo Erectus တွေဟာ ကျွန်တော်တို့ရဲ့ Homo Sapiens (ဉာဏ်ပိုကောင်းတဲ့လူ) မျိုးစိတ်ရဲ့ တိုက်ရိုက်ဘိုးဘွားတွေတော့ မဟုတ်ပါဘူး။
သိပ္ပံပညာရှင်တွေရဲ့ ယူဆချက်အရ ယနေ့ခေတ်သစ်လူသား Homo Sapiens တွေဟာ အာဖရိကတိုက်ထဲမှာပဲ သီးခြားဆင့်ကဲပြောင်းလဲ ပေါ်ပေါက်လာခဲ့ကြတာပါ။
နောက်ပိုင်းမှာHomo sapiens မျိုးဆက်တွေ ကမ္ဘာအနှံ့ပြန့်နှံ့တဲ့အခါ အာဖရိကတိုက်ပြင်ပမှာရှိနေတဲ့ Homo Erectus မျိုးစိတ်နဲ့ Neandertals (နီးအန်ဒါသဲ) လိုမျိုး အခြားလူသားမျိုးစိတ်တွေဟာ တဖြည်းဖြည်း မျိုးတုန်းပျောက်ကွယ်သွားခဲ့ပါတယ်။
ဒီရှေးဟောင်းအရိုးစုတွေရဲ့ တွေ့ရှိမှုဟာ လူသားမျိုးနွယ်တွေရဲ့ ရှေးဟောင်းသမိုင်းကို ပိုမိုနားလည်နိုင်ဖို့ အထောက်အကူပြုနေပါတယ်။
~MASES / Soe pyae htat

imageimage