ဘယ်အချိန် ဘာအကြောင်းနဲ့မှ
သရဏဂုံမမေ့့
လူတွေက လောဘ ဒေါသ
မောဟတွေ ဖုံးလွှမ်းနေပြီး
လုဖို့ ရိုက်ဖို့ သတ်ဖို့
ဝန်မလေးကြတော့ဘူး။
မိန်းခလေးတွေအတွက်က
ပိုအန္တရယ်ကြီးတာပေါ့
အဲ့ဒီတော့ ကိုယ့်မှာလုံခြုံဖို့
မလိုအပ်ပေဘူးလား?
မခက်ပါဘူးနော်
စွဲစွဲမြဲမြဲလုပ်ဖို့ပဲ လိုတာပါ။
သရဏဂုံတမျိုးထဲသာ
တချိန်လုံး သတိရတိုင်းရွတ်ပါ။
နှလုံးသွင်းကြပါ။
တခုမေးကြတာက မကောင်းတာတခုခု
လုပ်နေချိန်မှာကော
ရွတ်လို့ရပါသလားတဲ့?
ရပါတယ် ရွတ်ပါ၊
ယုံယုံကြည်ကြည်နဲ့ ရွတ်ပါ။
မလုပ်တာထက်စာရင်
အကျိုးကျေးဇူး အလွန်ကြီးပါတယ်။
အိမ်သာထဲရောက်နေလို့
နောက်ဆုံး ကာမအမှု
ဟိုဒင်းပြုနေတဲ့အချိန်မှာတောင်
သတိရကောင်း ရွတ်ဆိုကောင်းပါတယ်။
သာဓကအနေနဲ့ မြတ်စွာဘုရားရှင်ရဲ့
ကျောင်းအမကြီးဖြစ်သူ
ဝိသာခါကျောင်းအမကြိးဟာ
ဘုရားကိုကြည်ညိုလွန်းတော့
အိမ်သူလင်ယောက်ကျားနဲ့
ကာမအမှုပြုကြတဲ့ အချိန်မှာတောင်
မြတ်စွာဘုရားကို သတိရ
ကြည်ညိုမိတယ်တဲ့။ သူစိုးရိမ်တာက
အပြစ်ဖြစ်နိုင်မလားပေါ့။
ဒါနဲ့မြတ်စွာဘုရားကို
လျောက်ထားမေးမြန်ခဲ့တယ်လေ…
"အရှင်ဘုရား တပည့်တော်မသည်
အရှင်ဘုရားကို
မေထုန်အမှုပြုသည့်အချိန်မှာပင်
သတိရကြည်ညိုမိသည်မှာ
အပြစ်ရှိ / ဖြစ်ပါသလားလို့
လျောက်ထားရာ မြတ်စွာဘုရားက -
"ချစ်သမီးဝိသာခါ ငါဘုရားအား
ဘယ်ချိန်ခါမဆို သတိရခြင်းသည်
မြတ်၏" လို့ ဖြေကြားတော်
မှုခဲ့တဲ့အတွက်… အချိန်မရွေး
ရွတ်ကြပါ သတိရကြပါ။
ဘယ်လိုအန္တရယ်အပေါင်းမှ
မကျရောက်နိုင်တဲ့အပြင်
မျက်နှာမြင် ချစ်ခင်ပါစေ
အသံကြား သနားပါစေလို့
ဆုတောင်းစရာမလိုအောင် ပြည့်စုံပြီး
အခြားသော လိုရာဆန္ဒတွေနဲ့
ပြည့်စုံကြရမှာဖြစ်လို့ မေတ္တာ စေတနာနဲ့
တိုက်တွန်းနိုးဆော်လိုက်ပါတယ်။
လက်ရှိလုပ်နေတဲ့ သား/သမီးတွေကို
ဝမ်းသာစွာ သာဓုခေါ်သလို
မလုပ်ဖြစ်သေးတဲ့ သား/သမီးတို့လည်း
လုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်နော်။
သရဏဂုံ ကိုယ်လုံးခြုံ လုံကြပါစေ …။

image