14 w - Translate

မှတ်တိုင်
ဘဝ ခရီးလမ်းမှာ လူတိုင်း မှတ်တိုင်တွေ
ကျော်ဖြတ်ရတယ်။
မှတ်တိုင်ဆိုတာ ဘဝအတွက် အမှတ်တရတွေပဲ။
ငယ်ငယ်က မှတ်တိုင်မှာ ဘတ်စ်ကားစောင့်ရင်း
အဖေပြောတဲ့ နံပါတ်ပါတဲ့ကားကို မျှော်ရတာ
အမောပဲ၊
တစီးပြီးတစီး ဖြတ်သွားလိုက် ကိုယ်စီးမယ့်ကား
နံပါတ် မဟုတ်လိုက်နဲ့။
ကိုယ်စီးမယ့်ကားလာတော့ ဆရာကြီးအထာနဲ့
လက်နဲ့တား၊ ကားရပ်တော့ ကားပေါ်ပြေးတက်ရင်း
နေရာလွတ်များ ရမလားလို့ ရှာရတာက ကလေး
ဘဝရဲ့အပျော်။
တချို့တွေက မှတ်တိုင်မှာ ဆင်းတယ်။
တချို့တွေက မှတ်တိုင်က တက်တယ်။
တချို့တွေက မှတ်တိုင်မှာ ခဏခိုတယ်။
မှတ်တိုင်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ
အများကြီးရှိတယ်။
မှတ်တိုင်တွေက တချို့အတွက် ခရီးအစပေမယ့်
တချို့အတွက်တော့ ခရီးအဆုံး ဖြစ်နေတတ်တယ်။
ဘဝခရီးလည်း ဒီလိုပဲ။
ငါတို့ မှတ်တိုင်တွေ ဘယ်လောက်ဖြတ်ခဲ့ပြီး
ဘယ်အရာတွေ ချန်ထားခဲ့သလဲ ???

#photo_credit

image