န်ကုန် တိရစ္ဆာန်ဥယျာဉ်မှာ မျိုးသုဉ်းတော့မယ့် ကျားသစ်မျိုးစိတ်လေးတစ်ကောင် ပေါက်ဖွား" 😍💖
"ဒါဟာ မျိုးစိတ်ထိန်းသိမ်းရေးအတွက် သတင်းကောင်းတစ်ခုပါ"
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ရှားပါးမျိုးစိတ်ဖြစ်တဲ့ ကျားသစ်ငယ်လေးတစ်ကောင် ပေါက်ဖွားခဲ့ပါတယ်။ ကျားသစ်အဖေ ဘရပ်စ်နဲ့ ကျားသစ်အမ ရွှင်ရွှင်တို့ဆီကနေ ဇွန်လ (၂၂) ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး၊ အောင်မြင်စွာ ကြီးပြင်းလာလို့ ယနေ့မှ သတင်းထုတ်ပြန်ခဲ့တာပါ။
သူ့မေမေက အရင်တစ်ခေါက်တုန်းက သားလျောခဲ့ဖူးတာကြောင့် အခုလို ပေါက်ဖွားလာတာဟာ တိရစ္ဆာန်ဥယျာဉ်အတွက် ဝမ်းသာစရာ သတင်းတစ်ခုပါပဲ။ မြန်မာနိုင်ငံမှာနေထိုင်တဲ့ Indochinese leopard မျိုးစိတ်ဟာ မျိုးသုဉ်းလုနီးပါး ရှားပါးနေပြီဖြစ်လို့ ဒီကျားသစ်လေး ပေါက်ဖွားလာတာက မျိုးစိတ်ထိန်းသိမ်းရေးအတွက် အားတက်စရာပါပဲ။
