သီးရွက်စုံ ပဲကုလားဟင်းလေး ချက်ဖြစ်လို့ ချက်နည်းလေး လာမေးသူတွေအတွက် မာမာချက်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။
သီးရွက်စုံလို့ ပြောတဲ့အတိုင်းပါဘဲ မိမိနှစ်သက်တဲ့ အသီးအရွက်လေးတွေကို ထည့်ချက်နိူင်ပါတယ် မာမာကတော့ ဒီနေ့ခြံထဲက ရွှေဖရုံပွင့်လေးတွေပါခူးပြီး ထည့်ထားပါတယ် နောက်တခုက ပဲကုလားဟင်းမှာ မပါမဖြစ် ပျဉ်းတော်သိမ်းရွက်လေးတွေ ထည့်ပေးရင် အရမ်းစားလို့ ကောင်းပါတယ်။
ပါ၀င်ပစ္စည်းများ.......
* ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ ဗူး
* ခရမ်းသီး - ၃ တောင့်
* အာလူး - အနေတော် ၂ လုံး
* ရွှေဖရုံပွင့် - ၄ ပွင့်
* ပဲတောင့်ရှည် - ၉ တောင့်
* မုန်လာဥနီ - အနေတော် ၁ ဥ
* ပျဉ်းတော်သိမ်းရွက် - အနေတော် ၂ ခက်
* ရုံးပတေသီး - မိမိနှစ်သက်သလောက်
* မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက်
* ဆီ - ထမင်းစားဇွန်း ၄ ဇွန်း
* နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
* ငါးငံပြာရည် - ထမင်းစားဇွန်း ၃ ဇွန်း
* ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
* ကြက်သွန်နီ - အနေတော် ၁ ဥ
* ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂ မွှာ
* ချင်း - လက်တဆစ်ခန့်
* အရသာမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
* ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ........
ဇောက်နက်သော အနေတော် အိုးတလုံးထဲမှာ ပဲခြမ်းကိုထည့်ပြီး ရေနှစ်ထပ်ဆေးပါ။
ပဲအထက် ရေ လက်လေးလုံးလောက် ရောက်အောင်ထည့်ပြီး နနွင်းမှုန့် အနည်းငယ်ထည့်ကာ ပြုပ်ပေးပါ။
ပဲကုလားဟင်းထုံးစံ ပဲကိုကျေနေအောင် မပြုပ်ဘဲ ပဲအခြမ်းလေးကျန်အောင် နူးတဲ့အထိ ပြုပ်ပေးပါ။
မန်ကျည်းသီးမှည့်ကို ရေတထပ်ဆေးပြီး ရေမြုပ်အောင်ထည့်ကာ ရေစိမ်ထားပါ။
ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းတို့ကို အခွံခွာပြီးရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းပေးပါ
အာလူးကို အခွံခွာပြီး ရေဆေးကာ ရှစ်စိတ်စိတ်ထားပါ
ရုံးပတေသီးကို ရေဆေးပြီး ထိပ်နှစ်ဖက်ကို ဖြတ်ပေးထားပါ
ပျဉ်းတော်သိမ်းရွက်ကို ရေဆေးထားပါ။
ခရမ်းသီးကို ရေဆေးပြီး ထက်ခြမ်းခြမ်းကာ ခပ္ထူထူလွီးကာ ထက်ဝက်လှီးထားပေးပါ။
ရွှေဖရုံပွင့်ကို ရေဆေးပြီး အထဲမွ ဝတ္ဆံကို ဖယ်ပေးပါ။
ပဲတောင့်ရှည်ကို ရေဆေးပြီး အနေတော် လှီးထားပေးပါ။
မုန်လာဥနီကို အခွံခွာပြီး ရေဆေးကာ ခပ်ထူထူလေးတွေ လှီးပေးထားပါ။
ချက်နည်း.......
ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ကာ အပူပေးပါ။
ဆီပူလာတာနဲ့ ပျဉ်းတော်သိမ်းရွက်နှင့် ထောင်းထားသော ငရုတ်သီးထောင်းကိုထည့်ကာ မွှေးလာတဲ့အထိ ဆီသတ်ပေးပါ။
ဆီသတ်နံ့မွှေးလာတာနဲ့ မုံလာဥနီ အာလူးနှင့် ခရမ်းသီးကိုထဲ့ပြီး ငါးငံပြာရည် တခါထဲထည့်ပီး ဆီသတ်ပေးပါ။
ငံပြာရည်နံ့သင်းလာပြီး အာလူးအရောင် ပြောင်းလာတာနဲ့ပြုပ်ထားသောပဲ အရသာမှုန့်နှင့် ဆားထဲ့ကာရမြုပ်အောင်ထဲ့ပြီး ခရမ်းသီးနှင့် အာလူးနူးအောင်တည်ပေးပါ။
ခရမ်းသီးနှင့် အာလူးနူးလာတာနဲ့ အကျက်မြန်ပြီး နူးလွယ်သော ပဲသီး ရုံးပတေသီးနှင့် ရွှေဖရုံပွင့်တို့ ထည်ပပေးပါ။
ပြီးတာနဲ့ မကျည်းသီးမှည့်ကို အဖတ်များဖယ်ထားပြီး မန်ကျည်းမှဲ့ရည်ထဲ့ကာ ရေဆူအောင် ဆက်တည်ပေးပါ။
ရုံးပတေသီး အရမ်းမနူးခင် အရသာမြည်း၍ လိုသလို ပြင်ပေးပြီး မီးပိတ်ပေးကာ သီးစုံပဲကုလားဟင်းကို မိမိနှစ်သက်သလို စားသုံးနိူင်ပါပြီ။

image