7 w - Translate

ကိုယ်ဟာ ဘယ်လောက်ပဲသေးငယ်ပါစေ..
ကောင်းမွန်တဲ့မေတ္တာတရား၊ အအေးဓာတ်၊ အလင်းဓာတ်တွေကို
ကိုယ်ကစ​ပြီး ဖြန့်ကျက်ပေးရမှာပဲ ဖြစ်ပါတယ်။ ❞
#စာဖတ်သူဖတ်ညွှန်း
𝐑𝐞𝐚𝐝𝐞𝐫𝐬' 𝐁𝐨𝐨𝐤 𝐑𝐞𝐯𝐢𝐞𝐰
“You are Your Universe”
Review
===
Mon Halseyရဲ့နောက်ဆုံးထွက်ထားတဲ့”You are Your Universe”စာအုပ်လေးက Spiritual လမ်းစဉ်လျှောက် လှမ်းနေတဲ့သူတွေအတွက်ကော အခုမှစပြီးလျှောက် လှမ်းကြမယ့် သူတွေအတွက်ပါ ဖတ်သင့်တဲ့စာအုပ်ကောင်းတစ်အုပ်ပါ..
တချို့ကိုယ်မသိသေးတဲ့အရာတွေ အသေးစိတ် သိခွင့်ရတယ် Energy,Vibration,Frequency Manifestation,Visualization,Healing ,Gratitude & Chakra အစုံအစုံပါပဲ ခေါင်းစဉ်(၅၅)ခုပါပီးတော့ တစ်ပုဒ်ချင်းဖတ်လိုက် ရတာအနှစ်တွေချည်းပါပဲ အရေးကြီးတဲ့အရာတွေ တစ်အုပ်ထဲတင် စုပီးထည့်ရေးထားတာမို့ အရမ်းတန်ဖိုးထားမိတဲ့အထိပဲ..
စာအုပ်ရဲ့အပုဒ်တိုင်းကိုသဘောကျမိတဲ့ထဲက ...“ကုသိုလ်အရ ရလာတဲ့ခန္ဓာအိမ်ကို ကောင်းကောင်းမွန်မွန်လေးသုံးပီး အချိန်တန်တဲ့အခါ ပြန်အပ်ပေးခဲ့တာကောင်းပါတယ်” သေးသေးလေးကအစကျေးဇူးတင်တတ်တဲ့စိတ်နဲ့ကြည့်ရင် ကျေးဇူးတင်စရာတွေအပြည့်ပါပဲ “အမျှမဝေဘဲ နိဗ္ဗာန်ကိုဆုမတောင်းဘဲ အလှူပြုတယ်ဆိုတာဟာ ပေးကမ်းလိုက်ခြင်းသဘောမျှသာဖြစ်ပါတယ်”
အရင်ကအမျှသေချာမဝေတတ်တဲ့သူက အမျှသေချာလေးဝေပေးတတ်ဖို့သိလာတယ်။ “Abundance ဆိုတိုင်း ရတာတွေချည်း တွေးမနေစေချင်ဘူး။ပေးနိုင်တာကလည်းAbundance ဖြစ်တာပါပဲ” ကိုယ့်ရဲ့Abundance ကလည်းအမြဲပေးနိုင်ကျွေးနိုင်တဲ့သူတစ်ယောက်ဖြစ်ဖို့ စသဖြင့် ဒီစာအုပ်ကနေ တန်ဖိုးရှိတဲ့ အသိတွေ ရလာတာအများကြီးပါပဲ …
Universe ဆိုတာ ကိုယ်ကိုယ်တိုင်ပါပဲ ကိုယ်ဟာ ကမ္ဘာကြီးထဲမှာ ကိုယ့်တည်ရှိနေမှုရဲ့ ဆန်းကြယ်မှုတွေ သိရှိဖို့လိုအပ်နေရင် ဒီစာအုပ်လေးက လမ်းပြပေးနိုင်ပါလိမ့်မယ်
Review By
#cho Tan Lwin
_________

image