2 ပတ် - ဘာသာပြန်ပါ။

Alibaba ရဲ့ ကင်ဆာရှာတဲ့ AI tool အမေရိကန်ခွင့်ပြု
ပန်ကရိယကင်ဆာကို AI နဲ့ ရှာနိုင်တဲ့ Alibaba ရဲ့ နည်းပညာကို အမေရိကန်တွေဘက်က အရေးကြီးထုတ်ကုန်သတ်မှတ်ချက်ထဲ ထည့်ပေးလိုက်တယ်လို့ ဆိုပါတယ်။
FDA က လူ့အသက်ကို ခြိမ်းခြောက်နေတဲ့ ရောဂါတွေ ကုသဆန်းစစ်ရေးမှာ ထိရောက်တဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေအတွက် Breakthrough Device Designation ဆိုတဲ့ အထူးပရိုဂရမ်တစ်ခု ရှိပါတယ်။ Alibaba ရဲ့ ကင်ဆာရှာတဲ့ AI tool ကိုလည်း ဒီ program ထဲမှာ ထည့်ပြီး FDA ဘက်က သုံးသပ်မှုနဲ့ ခွင့်ပြုမှုတွေ အမြန်လုပ်ဖို့ ပြင်နေပါတယ်။
တရုတ်နည်းပညာလုပ်ငန်းစုကြီး ဖြစ်တဲ့ Alibaba Group Holding အောက်မှာ Damo Academy ဆိုတဲ့ သုတေသနဌာနတစ်ခု ရှိပါတယ်။ Damo Panda ဆိုတဲ့ AI model က အဲ့ဒီဌာနက ထုတ်တာပါ။ Damo Panda ကို Alibaba စပြီး ချပြခဲ့တာ ၂၀၂၃ နိုဝင်ဘာကတည်းကလို့ ဆိုပါတယ်။
Damo Panda က ပန်ခရိယကင်ဆာကို ရှာနိုင်တဲ့ AI tool ဖြစ်ပြီး PANDA ဆိုတာ Pancreatic Cancer Detection with AI ရဲ့ အတိုကောက်ကို ပြောတာပါ။ ဒီ tool က ကင်ဆာလက္ခဏာမပြသေးတဲ့ လူနာတွေမှာ ကင်ဆာအကြိတ်ကနဦးအဆင့်မှာကတည်းက ရှာဖွေနိုင်စွမ်း ရှိတယ်လို့ Nature Medicine ဆေးသုတေသနဂျာနယ်စာတမ်းမှာ ဖော်ပြထားပါတယ်။

image