3 ပတ် - ဘာသာပြန်ပါ။

ကျောင်းသားတွေ တီထွင်တဲ့ မောင်းနေရင်း လေသန့်စင်ပေးသွားမယ့် ဆိုလာကား
ဒီကားကို 'ကာဗွန်စားတဲ့ကား' လို့ ပြောကြပါတယ်။
ကားနာမည်ကတော့ ZEM လို့ ခေါ်ပါတယ်။ ZEM ဆိုတာ Zero Emission Mobility (ကာဗွန်စွန့်မှုသုညယာဉ်) ဆိုတာရဲ့ အတိုကောက်စကားလုံးပါ။ ဒီကားကို နယ်သာလန်နိုင်ငံ Eindhoven နည်းပညာတက္ကသိုလ်က ကျောင်းသား ၃၅ ယောက် ဖန်တီးထားပါတယ်။
ZEM က နေရောင်ခြည်စွမ်းအင်သုံး solar ကား ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီအောင် ဒီဇိုင်းထုတ်ထားတာပါ။ ကားဘော်ဒီအောက်ဘက်မှာ CO2 ဖမ်းယူနိုင်မယ့် လေစစ် filter နှစ်ခု ပါပါတယ်။ မောင်းနေရင်း လေထုညစ်ညမ်းမှုပါ ဖြေရှင်းပေးမယ့် အိုင်ဒီယာပါ။
ကားမှာပါတဲ့ filter နှစ်ခုက မိုင် ၂ သောင်း မောင်းပြီးရင် ကာဗွန်ဒိုင်အောက်ဆိုဒ် ၂ ကီလိုဂရမ် (၄.၄ ပေါင်) စုပ်ယူနိုင်မှာပါ။ filter တွေက မိုင် ၂၀၀ မောင်းပြီးတစ်ခါ ရှင်းရမှာ ဖြစ်လို့ ကားအားသွင်းရင်း CO2 တွေ စွန့်ထုတ်နိုင်မယ့် custom EV အားသွင်းရုံတစ်မျိုးပါ ကျောင်းသားတွေက ဒီဇိုင်းထုတ်နေကြပါတယ်။
ZEM ကားရဲ့ နောက်ထူးခြားချက်က ကားဘော်ဒီကို ပုံမှန်ကားတွေလို စတီးတွေ အလူမီနီယမ်တွေ မသုံးဘဲ 3D ပရင့်တာနဲ့ ပုံလောင်းထားတဲ့ recycled ပလတ်စတစ်ကို သုံးပါတယ်။ recycle ပလတ်စတစ်တွေ သုံးထားတာဖြစ်လို့ ကားသက်တမ်း ကုန်သွားရင်လည်း ပြန်ကြိတ်ခွဲပြီး တခြားနေရာတွေမှာ ပြန်အသုံးချနိုင်မှာပါ။
သန့်စင်စွမ်းအင်ယူနိုင်ဖို့ ကားအမိုးနဲ့ ရှေ့ဖုံးပေါ်မှာ Watllab ထုတ် Solar panel ပြားတွေတပ်ထားပါတယ်။ ဒီ solar တွေကနေ ကားရဲ့ လစ်သီယမ်အိုင်ယွန်ဘက်ထရီကို ၁၅% အားသွင်းပေးနေမှာပါ။ Eindhoven ကျောင်းသားတွေက ZEM ကားရဲ့ စွမ်းဆောင်ရည် တိုးတက်အောင် ဆက်ကြိုးစားနေပါတယ်။
ဒီကားက ကာဗွန်ကင်းစင်ရေးအတွက် ရှေ့ပြေးနမူနာကောင်းတစ်ခုဖြစ်သလို ကျောင်းသားတစ်စုရဲ့ အံ့ဖွယ်ကြိုးပမ်းချက်တစ်ခုအဖြစ်လည်း မှတ်တမ်းဝင်နေမှာပါ။

image