4 ပတ် - ဘာသာပြန်ပါ။

ဇူလှိုင် ၁ ရက်မှာ မိတ်ဆက်တော့မယ့် Nothing Phone 3 ရဲ့ ဈေးနှုန်းကတော့ လန်ပြန်ထွက်နေတာပါပဲ။ လက်ရှိသတင်းတွေအရဆို ဒေါ်လာ 899 အထိလို့ ပြောနေကြပါတယ်။ Nothing Official ဘက်ကနေ ဈေးနှုန်းနဲ့ပတ်သတ်ပြီး ဒေါ်လာ 1000 နီးပါးအထိပြောခဲ့ဖူးပါသေးတယ်။ ဈေးနှုန်းအပထား Sepc: အချို့ကိုတော့ ဖော်ပြလာပါပြီ။
Nothing Phone 3 မှာက အရင်ခန့်မှန်းထားသလို Snapdragon 8 Elite နဲ့ မဟုတ်ဘဲ Snapdragon 8s Gen 4 နဲ့ လာမယ့်အပြင် Security Update ကို 7 နှစ်နဲ့ Software Update ကိုတော့ 5 နှစ် support ပေးသွားမှာဖြစ်ကြောင်း Nothing Co-founder ဖြစ်သူ Akis Evangelidis ကိုယ်တိုင် အတည်ပြုလိုက်ပါတယ်။
အခြားအနေနဲ့ အရင်ရက်ပိုင်းတွေက ဖော်ပြခဲ့သလို Glyph Interface မပါတော့ဘဲ Dot-matrix Display နဲ့ ဖြစ်ပါမယ်။ Screen Size 6.7” AMOLED Display နဲ့ 120Hz Refresh Rate ရမယ်။ 50MP Triple Camera Set up နဲ့ 3x optical zoom အထိ 50MP telephoto ပါမယ်။
တစ်ခုရှိတာက အခုက သူသူငါငါ ဖုန်းတိုင်းလိုလို AI ကို အပြိုင်အဆိုင်ထည့်လာပေမဲ့ Phone 3 ကတော့ Flagship မော်ဒယ်လို့ ကြေညာထားပြီး AI နဲ့ပတ်သက်ပြီး ဘာမှဖော်ပြလာခြင်းမရှိတာပါပဲ။ ဒါပေမဲ့ မိတ်ဆက်မယ့် ဇူလှိုင် ၁ ရက်နေ့မှ ပိုသိရမှာဆိုတော့ ဒီကြားထဲထပ်ထွက်လာလောက်မယ့် Leak တွေကိုပဲ အရင်စောင့်ကြည့်ရတာပေါ့ဗျာ...

image