❛ ရိုဆယ်လာ ❜ ဟာ မကြင်နာတတ်ဘူး။
အရိုင်းဆန်တယ်။
လိင်ဆွဲ ဆောင်မှု ပြင်းတယ်။
ကျွန်တော့်အပေါ်မှာလည်း
အလွန် နိုင်စားလွန်း တယ်။ မဟုတ်ဘူး။
ကျွန်တော်ကိုက သူ့ကို ရိုကျိုးလွန်းနေတာ။
သူက သာ စူးခနဲ စိုက်ကြည့်လိုက်ရင်
ကျွန်တော် မခံနိုင်ဘူး။ ကျွန်တော်ဟာ
သူ့အလိုကို လိုက်ဖို့ မွေးလာတဲ့
ကျွန်တစ်ကောင်လိုပဲ။
ကျွန်တော့် ဆန္ဒ တွေ၊ စိုးပိုင်မှုတွေဟာ
သူ့အကြည့်တစ်ချက်အောက်မှာတင်
ပြားပြားကို ဝပ်လို့။
သူ့အတွက်ဆို ကျွန်တော်ဟာ
တော်တော် သောက်သုံးမကျတဲ့
နွားတစ်ကောင် ဖြစ်နေခဲ့တယ်။
အဲဒီလိုပြောလို့ ကျွန်တော် သူ့ကို
အပြစ် တင်နေတယ်လို့ မထင်နဲ့။
ဒါဟာ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်တာ
တစ်မျိုးပဲ။ တကယ်တော့
ပတ်ဝန်းကျင်ကရော၊ ကျွန်တော်
ကိုယ့်ကိုယ်ကိုယ် ခံယူထားတာရော
ကျွန်တော်ဟာ ကျားတစ်ကောင်ပဲ။ ဒါပေမဲ့
အဲဒီကျားဟာ ရိုဆယ်လာ့ရှေ့ရောက်ရင်
ကျာပွတ်သံပေးရုံနဲ့ ငြိမ်ဝပ် တတ်တဲ့၊
မီးကွင်းထဲ ကျွမ်းပစ်ပြဖို့ ဝန်မလေးတဲ့
ကျားတစ်ကောင် ဖြစ်နေ ခဲ့ပြန်ပါတယ်။
