2 w - Translate

ကင်မရာနဲ့တင် တန်မယ့် vivo ရဲ့ premium ဖုန်း
ဒီနှစ်အတွက် အကောင်းဆုံး vivo ဖုန်းလို့ ပြောရမယ့် vivo X200 Ultra တရုတ်မှာ မိတ်ဆက်သွားပါတယ်။
ဒီဖုန်းက Android ဖုန်းတွေထဲမှာ စွမ်းဆောင်ရည်အမြင့်ဆုံးဆိုတဲ့ Snapdragon 8 Elite chipset နဲ့ ကင်မရာအတွက် Image Signal Processor (ISP) နှစ်ခု သုံးလာတာပါ။ vivo X စီးရီးရဲ့ အမြင့်ဆုံးဆိုတဲ့ Ultra brand တပ် ဖုန်းဖြစ်လို့ သူ့ထက်ကောင်းတဲ့ vivo ဖုန်းတော့ ရှိမှာ မဟုတ်ပါဘူး။
flagship specs တွေ ဖောဖောသီသီ သုံးထားတဲ့ vivo X200 Ultr‌a ရဲ့ အသက်က ကင်မရာလို့ ပြောနိုင်ပါတယ်။ ဓါတ်ပုံနဲ့ ဗွီဒီယို quality ကောင်းဖို့ RAW တွေ pre-process လုပ်တဲ့ VS1 နဲ့ color correction လို post-processing တွေ လုပ်မယ့် V3+ ဆိုပြီး ISP chips သစ်နှစ်မျိုးနဲ့ လာပါတယ်။
ကျောဘက်ကင်မရာအိမ်ထဲမှာ OIS ရုပ်ငြိမ်စနစ်တပ် 50MP 1/1.28" Sony Sensor ၊ 1/1.4" နဲ့ 85mm နဲ့ ညီတဲ့ focal length သုံး 200MP Samsung ISOCELL HP9 sensor နဲ့ 50MP Sony LYT-818 ultrawide lens ကင်မရာသုံးလုံး ထည့်ထားပါတယ်။ selfie ကင်မရာလည်း 50MP နဲ့ပဲ လာတာပါ။
နောက်ကင်မရာအကုန်လုံး Dolby Vision ရတဲ့ 10-bit 4K video ကို 60fps နဲ့ ရိုက်ကူးနိုင်ပြီး slo-mo ရိုက်ချက်အတွက်ဆို 4K/120fps နဲ့ ရိုက်နိုင်ပါတယ်။ နောက်ဆုံးပေါ် iPhone တွေမှာ ပါတဲ့ Camear Control လိုမျိုး ကင်မရာ zoom ဆွဲနိုင် exposure ချိန်နိုင်မယ့် shutter ခလုတ်တစ်ခုလည်း ပါပါတယ်။
classic ကင်မရာဆန်ဆန် ဓါတ်ပုံ/ဗွီဒီယိုတွေကို creative ကျကျ ရိုက်ချင်သူတွေအတွက်လည်း Photographer Kit သပ်သပ် ထုတ်ထားတာ ရှိပါတယ်။ ဒီ kits မှာလည်း video record ခလုတ်သီးသန့် ပါပြီး ကင်မရာ function တွေကို customize လုပ်နိုင်မယ့် setting ခလုတ် နဲ့ အပိုဘက်ထရီ 2300 mAh လည်း ပါပါတယ်။

image