2 w - Translate

အီလွန်မတ်စ်ကို အိမ်ဖြူတော်ခေါ်ပြီး Tesla တစ်စီး ဝယ်အားပေးလိုက်တဲ့ ထရမ့်
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့ သူ့ဘော်ဒါကြီးအတွက် ပရိုမိုးရှင်းဆင်းပေးလိုက်ပါတယ်။
ထရမ့်က အီလွန်မတ်စ်ကို ခေါ်ပြီး အိမ်ဖြူတော်ရှေ့မှာတင် Tesla မော်ဒယ်တွေ တန်းစီပြခိုင်းပြီး Model S တစ်စီး ဝယ်အားပေးသွားတာပါ။ သူဝယ်လိုက်တဲ့ အနီရောင် Model S က ဒေါ်လာ ၈ သောင်းကျော် တန်ပါတယ်။
သမ္မတထရမ့်က ကားကို စမ်းမောင်းကြည့်မနေဘဲ ကားထဲ ဝင်ထိုင်ပြီး "ကားလေး လှတယ်ကွာ" လို့ ပြောသွားပါတယ်။ ရှေ့ကားခေါင်းခန်းထဲမှာ သူနဲ့အတူ သူ့အပေါင်းအသင်းကြီး ဖြစ်တဲ့ Tesla သူဌေး အီလွန်မတ်စ်လည်း အတူထိုင်နေခဲ့ပါတယ်။
အီလွန်မတ်စ်ကလည်း ထရမ့်ကြိုက်တဲ့ကား‌ ရွေးနိုင်အောင် Tesla ထုတ်ကားတွေကို အိမ်ဖြူတော်ရှေ့ ပါကင်ထိုးပြခဲ့တာပါ။ ထရမ့်က Tesla ရဲ့ Cybertruck ဒီဇိုင်းကိုလည်း မြင်ဖူးသမျှထဲ အမိုက်ဆုံးဒီဇိုင်းပဲလို့ ချီးကျူးသွားပါတယ်။
Tesla S ဝယ်လိုက်ပေမယ့် ဒီကားက သမ္မတစီးမှာ မဟုတ်ပါဘူး။ သူ့ဝန်ထမ်းတွေ စီးချင်တဲ့အချိန် စီးလို့ရအောင် အိမ်ဖြူတော်မှာ ထားထားမယ်လို့ ဆိုပါတယ်။ ထရမ့်က Tesla ဝယ်အားပေးတာက ရှယ်ယာဈေး ထိုးကျနေပြီး တိုင်ပတ်နေတဲ့ Tesla ကို အားပေးလိုက်တာပါ။

image